Saturday, September 27, 2008

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ

အောင်သင်း ကျွန်တော့်မျက်လုံး တစ်ဖက်ကရယ်လျက် မျက်လုံးတစ်ဖက်ကငိုလျက် ပြန်ရတော့မယ်။ ကျွန်တော်ဂျာမနီက ထွက်လာခဲ့တာကြာပြီ။ တခြားနိုင်ငံတွေမှာလည်း လေ့လာခဲ့ရသေးတယ်။ ဒါကြောင့် မိသားစုနဲ့ ပြန်ပြီးတွေ့ရမှာမို့လည်းပျော်တယ်။ ဒါပေ့မယ့် ခင်ဗျားတို့ရဲ့ ဒီလောက်ချမ်းသာတဲ့ တိုင်းပြည်က ထွက်ခွာရမှာအတွက်လည်း ၀မ်းနည်းမိတယ်။
အောင်သင်း ခင်ဗျားရဲ့ စိတ်ထဲမှာ ရုပ်ဝတ္ထ္ဘုပစ္စည်းတွေ အလျှံပယ်ပေါနေတာကို ချမ်းသာတယ်လို့ ထင်နေသလား။ ကျွန်တော်တို့ဆီမှာ ပစ္စည်းတွေ ပေါပါတယ်၊ တစ်မျိုးပြီး တစ်မျိုး ပေါ်နေတာပဲ။ အဲဒါကြောင့် ဒီပစ္စည်းတွေနောက်က အမောတကော လိုက်နေကြရတယ်။ ဟိုဘက်ခန်းက ရေဒီယိုဝယ်တော့ ဒီဘက်ခန်းက ရေဒီယိုဝယ်နိုင်အောင် ကြိုးစား ရတယ်။
ဟိုဘက်ခန်းက ကက်ဆက်ဝယ်တော့ ဒီဘက်ခန်းက ကက်ဆက် ၀ယ်ရပြန်တယ်။ ဟိုဘက်ခန်းက ရုပ်မြင်သံကြားဝယ်တော့ ဒီဘက်ခန်းက ရုပ်မြင်သံကြား ၀ယ်နိုင်အောင် ကြိုးစားရတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဘက်ခန်းက ၀ယ်လို့ပါ။ အဲဒီလိုမှ မ၀ယ်နိုင်ရင် နေလို့မရတော့ဘူး၊ စိတ်ဆင်းရဲနေရတာပဲ။ ကြာတော့ လူတွေဟာ ဘာ့ကြောင့် ဒီလိုလုပ်နေရတယ်ဆိုတာ ကိုယ့်ဘာသာ မသိကြတော့ဘူး။
သူများမှာရှိလျက်နဲ့ ကိုယ့်မှာမရှိရင် စိတ်မချမ်းသာတော့ဘူး၊ အဲဒီလို သူများနည်းတူ ၀ယ်လိုက်နိုင်မှပဲ သက်သာရာရတယ်။ အဲဒါကို သူတို့ ပျော်တယ်လို့ ထင်နေကြတယ်။ အဲဒီလို ပျော်တယ်လို့ထင်ပြီး သက်သာရာရအောင်လုပ်ရင်း သေကုန်ကြရတာပဲ။ ဒီမှာ မစ္စတာသင်း ဥရောပတစ်တိုက်လုံးမှာ လိုက်ရှာရင်တောင်မှ မဟာစည်တို့ ဝေဘူတို့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးမျိုး တစ်ယောက်စ နှစ်ယောက်စ တွေ့နိုင်မယ် ထင်သလား။
ခင်ဗျားတို့ဆီမှာ ဒီလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဘယ်လောက်များသလဲ၊ ဒီလို လူသားတိုင်း စိတ်ချမ်းမြေ့အောင် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဘယ်လောက် ကြွယ်ဝတဲ့ တိုင်းပြည်လဲ၊ ဒီတိုင်းပြည်မျိုးကိုမှ ချမ်းသာတယ်လို့မပြောရင် ဘယ်တိုင်းပြည်မျိုးကို ပြောရမလဲ။
(ဂျာမနီ အမျိုးသား ပါဠိသုတေသီ ဒေါက်တာဘရောင်း ၁၉၇၄ ခုနှစ်က ဆရာအောင်သင်းကို ပြည်တော်ပြန်ခါနီးတွင် ပြောခဲ့သောစကားကို ဆရာတော် အရှင်ဇ၀န၏ အရှုံးမရှိသော ဒဿန စာအုပ်မှ ကူးယူဖော်ပြပါသည်။)

Saturday, September 20, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၂)

အကယ်၍ သင်သည် အမြင့်မြတ်ဆုံး လူသားတစ်ယောက်ကို တွေ့မြင်လိုပါက သူဖုန်းစားတို့ အ၀တ်သင်္ကန်းကို ၀တ်ရုံဆင်မြန်းထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကိုကြည့်လိုက်ပါ။ သူ၏ ကြည်ညိုလေးစားဖွယ် စင်ကြယ်သန့်ရှင်းမူသည် လူ့လောကတွင် ကြီးမြတ်လှပါပေ၏။ (မူဆလင်ကဗျာဆရာ အပ္ပဒူလ်အတာဟီယ)

သိပ္ပံမပါတဲ့ ဘာသာရေးဟာအကျိုးပဲ၊ ဘာသာရေးမပါတဲ့ သိပ္ပံပညာကလည်း အကန်းပဲ။ (အိုင်းစတိုင်း)

ကမ္ဘာ့စိတ်ပိုင်းယဉ်ကျေးမူနှင့် စစ်မှန်သောရုပ်ပိုင်းယဉ်ကျေးမူတို့ တိုးတက်ထွန်းကားရေးအတွက် လူ့သမိုင်းကြောင်းရှိ အခြားသောဩဇာအာဏာထက် ဗုဒ္ဓဘာသာတရားတော်က ပို၍လုပ်ဆောင်ထားပါပြီ။(အိပ်ခ်ျဂျီဝဲလ်)

ကောင်းကင်မှာနေ၊လတွေရှိနေသမျှ မြေကမ္ဘာပေါ်မှာ လူတွေတည်ရှိနေသမျှ ကာလပတ်လုံး ဗုဒ္ဓဘာသာရှိနေမှာပါ။ အကြောင်းမူ ယင်းသည်လူ့ဘာသာတရားဖြစ်၏။ ခြုံငုံ၍ဆိုရသော် လူသားမျိုးစုတစ်ရပ်လုံး၏ ဘာသာတရားဖြစ်နေသောကြောင့်ပါပဲ။ (သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း ဘဒ္ဒရာနှိုက်)

If you want to see the ardent love for Buddha-Sasana and earnestly put to practice , go to Burma and see.
သင်သည် ဗုဒ္ဓ၀ါဒကို အမှန်တကယ် စိတ်ပါမြတ်နိုး၍ လက်တွေ့ကျကျ အဟုတ်ကျင့်ကြံသည်ကို လေ့လာလိုပါလျင် မြန်မာနိုင်ငံသို့သွားပါ။ (ဆိုရိုးစကား)

ယခုလောက်ရာစုနှစ်ပေါင်းများစွာ ရှည်လျားကြာမြင့်ခဲ့သည့် အချိန် ကာလကြီးတစ်လျှေက်လုံး အချုပ်အခြာအာဏာပိုင်ဆိုင်လာသော ဗုဒ္ဓဘာသာဝင်များက အခြားဘာသာဝင်များကို သတ်ဖြတ် ကွပ်မျက်သည်ဟူသော မှတ်တမ်း မှတ်ရာဟူ၍ ရှည်လျားကြာမြင့်လှသည့် ဗုဒ္ဓဘာသာသမိုင်းကြောင်းတွင် ကျွန်ုပ် မတွေ့ရပါချေ။ (ပါမောက္ခရိုက်စ်ဒေးဗစ်)

ဗုဒ္ဓဘာသာဝင်ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်ုပ်သည်ကမ္ဘာပေါ်ရှိ ဘာသာတရားကြီးအားလုံး လေ့လာခဲ့ပြီးဖြစ်၏။ လှပတဲ့အရာမှာရော ပြည့်စုံကုံလုံတဲ့နေရာမှာပါ ဗုဒ္ဓဘာသာရဲ့အမှန်တရား သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးဆိုတဲ့ အကျင့်တရားလမ်းစဉ်ထက်ပို၍ သာလွန်ကောင်းမြတ်တဲ့အရာ တစ်ခုမျှမတွေ့ရပါ။ ထိုလမ်းစဉ်နှင့်အညီ ကိုယ့်ဘ၀ကိုယ်ပုံဖော်ရေးအတွက် ကျွန်ုပ်ကျေနပ်ရောင့်ရဲပါ၏။(ပါမောက္ခရိုက်စ်ဒေးဗစ်)

ဗုဒ္ဓသည် ကျွန်ုပ်တို့နှင့်နီးစပ်၏။ သိရခက်ကြီးမျိုးထဲကမဟုတ်ဘဲ ရိုးစင်းသော၊ အဓိကဦးတည်ချက်ကြီးမားသော၊ အဖော်မမှီး တစ်ကိုယ်တည်း ဧကစာရီကျင့်သုံးသော ဥာဏ်ပညာတည်းဟူသော အလင်းဓာတ်အတွက် (မောဟ)ကိုတိုက်ဖျက်နေသော လူ့ဘ၀လက္ခဏာ ပြက်ပြက်ထင်ထင်ပေါ်လွင်ထင်ရှားသည့် မနုဿ လူသားတစ်ဦးကိုအလွယ်တကူပင်တွေ့မြင်နိုင်ပါသည်။ဒဏ္ဍာရီဆန်ဆန် တစ်ခဲနက်သောအံ့ဖွယ်သူရဲများနောက်ကွယ်ကမနုဿလူသားတစ်ဦးရှိသည်ဟုကျွန်ုပ်သိရှိခံစားရ၏။ထိုမနုဿလူသားကြီးကစကြာဝဠာအတွင်းရှိ လူသတ္တ၀ါတို့အား သတင်းစကားပေးအပ်ထားတော်မူခဲ့ပါ၏။ ကျွန်ုပ်တို့၏ အကောင်းဆုံးခေတ်အမြင်များနှင့် အနီးကပ်ဆုံး တူညီနေကြပါ၏။လူ့ဘ၀အတွင်းရှိအတိဒုက္ခများနှင့်မရောင့်ရဲမကျေနပ်မူများသည်အတ္တစွဲများကြောင့်ဖြစ်ရသည်ဟူ၍ ဗုဒ္ဓက ဟောကြားထားတော်မူခဲ့ပါပြီ။အတ္တစွဲသုံးမျိုးရှိ၏။ တစ်- ကာမတဏှာခေါ် ကာမဂုဏ်လိုလားလိုက်စားမူ၊ နှစ်- ဘ၀တဏှာခေါ် ဘုံဘ၀ကို တွယ်တာတပ်မက်မူ၊ သုံး- ၀ိဘ၀တဏှာခေါ် သေသွားသည့်နောက်လုံးဝပျောက်ပျက်သွားသည် ဟူသောအယူအဆကို တပ်မက် တွယ်တာမူတို့ဖြစ်ကြ၏။ ငြိမ်းအေးသူ တစ်ယောက်ဟူ၍ ဖြစ်မြောက်မလာမီ သူသည် ကာမဂုဏ်အာရုံများနှင့် အတ္တစွဲတို့ကို ပယ်စွန့်ရပါမည်။ ထိုအခါသူသည် ကြီးမြတ်သူတစ်ဦးနှင့် ပေါင်းဆုံသွားတော့၏။ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကပင် ဗုဒ္ဓသည် လူသတ္တ၀ါတို့ကို မိမိကိုယ်မိမိ မေ့လျော့နေသူများဟူ၍ ဘာသာစကားတစ်မျိုးဖြင့် ခေါ်ဆိုတော်မူခဲ့ပါပြီ။ ဗုဒ္ဓသည် ကျွန်ုပ်တို့နှင့်ရော ကျွန်ုပ်တို့ လိုအပ်ချက်များနှင့်ပါ နီးစပ်ခဲ့ပါပြီ။ အကျိုးဆောင်လုပ်ငန်းတွင် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးအရ အရေးပါအရာရောက်မူအပေါ် ဗုဒ္ဓက ပို၍နားလည်သဘောပေါက်၏။ ထို့ပြင် ပုဂ္ဂိုလ်ရေးရာအရ သေရ မသေရဟူသော ပြဿနာနှင့်ပတ်သက်၍ေ၀၀ါးခြင်းမရှိပါချေ။ (ကမ္ဘာ့သမိုင်းပညာရှင် အိပ်ခ်ျဂျီဝဲလ်)

စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ကမ္ဘာ့နိုင်ငံသားတစ်ဦးဖြစ်သည်။ သူသည် ကမ္ဘာကြီးကို သူ၏နိုင်ငံအဖြစ် သတ်မှတ်၍ ကမ္ဘာသူ၊ ကမ္ဘာသားများကို သူ၏ညီအစ်ကို မောင်နှစ်မများအဖြစ် သတ်မှတ်သည်။ (အရှင် နာရဒ)

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် အခြားသူတစ်ဦးဦး၏ ကျေးကျွန်မဟုတ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာရေးအတွက် မိမိ၏ လွတ်လွတ်လပ်လပ် တွေးခေါ် ဝေဖန်နိုင်ခွင့်ကို စွန့်လွှတ်စရာ မလိုအပ်ပါ။ သူ၏ လွတ်လပ်ခွင့်ကို ဆက်လက် ကျင့်သုံးနိုင်သည့်အပြင် သူကိုယ်တိုင် ဘုရားဆုပန်ပြီး ပညာပါရမီ ဆက်လက်တိုးတက် ဖြည့်ဆည်းရေးအတွက်ကိုသော်မှ ဗုဒ္ဓဘာသာက အားပေးထောက်ခံထားပါသည်။ အကြာင်းမူ သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သမ္မာဗုဒ္ဓ၊ သုတဗုဒ္ဓဟူသော ဗုဒ္ဓလေးမျိုးတို့အနက် တစ်မျိုးမျိုးသောဗုဒ္ဓ ဖြစ်နိုင်သည့် ပင်ကိုစွမ်းရည်များ ရှိနေကြသောကြောင့်ဖြစ်၏။(မဟာနာယကထေရဘဒ္ဒန္တနာဒရ)

ဖီလိုဆိုဖီ မတောက်တခေါက်တတ်တာဟာ လူ့စိတ်ကို ဘုရားမဲ့၊ တရားမဲ့ ဝါဒဆီသို့ ညွှတ်စေပါ၏။ ဖီလိုဆိုဖီ များများတတ်ပြီး နှိုက်နှိုက်နဲနဲသိလာတဲ့အခါမှာတော့ ဖီလိုဆိုဖီက လူ့စိတ်ကို ဘာသာယုံကြည်ကိုးကွယ်မှုထဲသို့ နက်နက်နဲနဲ ရောက်စေနိုင်ပါတယ်။ (ဖရန့်စစ် ဘေကွန်)

သက်ရှိဟူသည် အသက်ရှင်လျက် သေရာအရပ်သို့ ရှေးရှုသွားနေကြသူများ ဖြစ်သည်။ (ထရိုင်ရင်-အပ်ဒ၀ပ်)

သင်ဟာတက္ကသိုလ်က ဘွဲ့ကောင်းတစ်ခု (သို့မဟုတ်) ကားအသစ် တစ်စီး (သို့မဟုတ်) အသံအလွန်ကောင်းသည့် စတီရီယို ကက်ဆက်တစ်လုံး ဒါမှမဟုတ် ကမ္ဘာ့ဘယ်အရပ်ဒေသမဆို လွတ်လွတ်လပ်လပ်သွားနိုင်တဲ့ အခွင့်အရေးဆိုတာတွေဟာ သင့်ကိုတစ်ကယ်ပဲ ကျေနပ်မူပေးနိုင်ပါရဲ့လား၊ တကယ်ပဲကျေနပ်မူပေးနိုင်ပါတယ်လို့ သင်ဆိုမယ်ဆိုပါတော့၊ ဒါဆိုရင် ကျွန်မပြောပြချင်ပါတယ်။ အနောက်နိုင်ငံသားတွေဟာ ဒါတွေကိုကြိုးစားရယူနေရင်းနဲ့ပဲ ၀မ်းနည်းမူ၊ စိုးရိမ်ပူပန်ရမူတွေ တွေ့ကြုံနေရပါတယ်။ ဒါကြောင့် ဒီလိုတပ်မက်မူ အဖုံဖုံကို လေးလေးနက်နက် စဉ်းစားသုံးသပ်လေ့လာကြည့်စေချင်ပါတယ်။ ၁၉၇၆ ခုနှစ်မတိုင်မီက ကျွန်မအခြားယောဂကျင့်စဉ်များကို ကျင့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မဟာ အဲဒီကျင့်စဉ်များကို အားရကျေနပ်မူမရှိခဲ့ပါဘူး။ ၁၉၇၆ ခုနှစ်၊ ဇူလိုင်လမှာ ဗုဒ္ဓဘာသာတရားရိပ်သာတစ်ခုမှာ မြတ်ဗုဒ္ဓရဲ့သစ္စာလေးပါးတရားနဲ့ လက္ခဏာရေးသုံးပါးအကြောင်းကို ပထမဆုံးနာကြားရပါတယ်။ အဲဒီအချိန်ကစပြီး မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်များမှလွဲ၍ ဘယ်အတွေးအခေါ် အယူအဆကိုမှ အားရကျေနပ်မူမရှိခဲ့ပါ။ (ဘာဘရာဂျင်နပ်စ်)

အစားကျူးတဲ့လူတစ်ယောက်ဟာ ပျင်းရိငိုက်မျဉ်းခြင်းကို မတွန်းလှန်နိုင်ဘူး။ ပျင်းရိပြီးအစားကြီးတဲ့လူဟာ ကာမရာဂကိုလည်း မရောင့်ရဲနိုင်ဘူး ။ ဒါကြောင့် ကိုယ်ကျင့်တရားဆိုင်ရာ ဒေသနာများမှာ မိမိကိုယ်ကို ထိန်းချုပ်တဲ့အခါ အစာတပ်မက်မှု ရသတဏှာကစပြီး ထိန်းချုပ်ကြရတယ်။ ဥပုသ်စောင့်ခြင်းဟာ မိမိကိုယ်ကိုထိန်းချုပ်ခြင်းဖြင့် သူတော်ကောင်းဘဝကို စတင်ထူထောင်တဲ့အခါ ပထမ အဆင့် လုပ်ရတဲ့အလေ့အကျင့် တစ်ခုပဲဖြစ်တယ်။ (လီယိုတော် စတွိုင်း)

ဆန့်ကျင်ဘက်အားဖြင့်မူ ဗုဒ္ဓဘာသာတရားတော်သည် တွေးခေါ်ပုံနည်းတစ်ခု၊ ဘာသာတရားတစ်ရပ်၊ နာမ်ပိုင်းသိပ္ပံပညာတစ်ရပ် ဖြစ်သည့်အပြင် ဘ၀တစ်သက်တာနေနည်းထိုင်နည်းနိဿရည်းတစ်ခု ဖြစ်၏။ ယင်းသည် ယုတ္တိတန် လက်တွေ့ကျ၏။ အားလုံးကို ခြုံငုံမိ၏။ နှစ်ပေါင်း ၂၅၀၀ကျော်ကြာ လူသားမျိုးနွယ်သုံးပုံနီးပါးမျှတို့၏ စိတ်ပိုင်းလိုအပ်ချက်ကို ကျေနပ်ရောင့်ရဲစေခဲ့ပါပြီ။အနောက်တိုင်းကို အကြိုက်တွေ့စေ၏။ မိမိကိုယ်မိမိ အားကိုးဖို့ ထပ်ပြန်တလဲလဲသတိပေး၏။ သူတစ်ပါးတို့၏ အရှုအမြင်ကို သည်းခံမူဖြင့် ထပ်ဆင့်ထား၏။ သိပ္ပပညာ၊ ဘာသာရး၊ ဒဿနိကဗေဒ၊ စိတ္တဗေဒ၊ စာရိတ္တ ပညာနှင့် အနုပညာတို့ကိုပါလွှမ်းခြုံထား၏။ လူသားတစ်ဦးတည်းကိုသာ လက်ရှိသူ့ဘ၀၏ ဖန်ဆင်းရှင်အဖြစ်နှင့် တစ်ဦးတည်းသော ကောင်းကျိုးဆိုးပြစ် ဖန်တီးသူအဖြစ် ဗုဒ္ဓဘာသာက ညွှန်ပြထား၏။ (ခရစ္စမာ့ ဟန်ဖရေး)

လူသည် အမြဲကိုးကွယ်ရာများ ဖန်တီးခဲ့ကြပြီး ယင်းတို့အားစွမ်းအားများပေးအပ်၍ ယင်းတို့ခြေရင်းတွင် တုန်ရင်ကြသည်။ (Seneca)

မြတ်ဗုဒ္ဓသည် ထာဝရတည်ရှိသော သစ္စာတရားတို့၏ တန်ဖိုးကို တိတိလင်းလင်း ရှင်းပြတော်မူသည့်အပြင် အိန္ဒိယတစ်နိုင်ငံတည်း၏ ကိုယ်ကျင့်တရားကိုသာသာမဟုတ်၊ လူသားတစ်ရပ်လုံး၏ ကိုယ်ကျင့်တရားကိုပါ တိုးတက်မြင့်မားစေခဲ့သည်။ ကမ္ဘာလောကကြီးအား ပေးအပ်ထားသည့် အကြီးမြတ်ဆုံးသော သူတော်စင်ပညာရှိ လူ့ပဂေးကြီးတစ်ဦး ဖြစ်ပါဘိ၏။ (အယ်လ်ဘတ်စဆိတ်စာ- အနာက်တိုင်းသားတွေးခေါ်ရှင်)

Destroy all pasions when you light Buddha's lamp.
ဗုဒ္ဓ၏မီးခွက်ကို ထွန်းညှိသောအခါ စိတ်ဆန္ဒအားလုံး ပယ်ဖျောက်ထားပါ။ (ဂျပန် စကားပုံ)

ကောင်းကင်ဘုံဆိုတာ ကိုယ်ပိုင်ကောင်းကင်ဘုံ ဖန်တီးဖို့ အရည်အချင်း မရှိတဲ့သူတွေအတွက် နှစ်သိမ့်ချက်ဖြစ်တယ်။ (Henry Thronder)

ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်များ မိမိကိုယ်မိမိ ထိန်းသိမ်း စောင့်စည်းရာစောင့်စည်းကြောင်းဖြစ်ပြီး အသက်သွေးကြောတမျှအရေးပါသော လက်စွဲ သိက္ခာပုဒ်များ ဖြစ်ကြ၏။ ယင်းသို့လျှင် ပါဏာတိပါတ ဟူသော ပထမ သိက္ခာပုဒ်သည် ဒေါသအလိုလိုက်အကြိုက်ဆောင်မူကို ထိန်းချုပ်စေ၏။ အဒိန္နဒါနာဟူသော ဒုတိယသိက္ခာပုဒ်သည် လောဘ အလိုလိုက်အကြိုက်ဆောင်မူကို ထိန်းချုပ်စေ၏။ ကာမေသုမိစ္ဆာစာရ ဟူသော တတိယသိက္ခာပုဒ်သည် သွေးသားဆာမွတ်မူ၊ အလိုလိုက်အကြိုက်ဆောင်မူကို ထိန်းချုပ်စေ၏။ မုသာဝါဒဟူသော စတုတ္ထသိက္ခာပုဒ်သည် သူရဲဘောကြောင်ခြင်း၊ သ၀န်တိုခြင်းဟုဆိုအပ်သည့် သစ္စာမဲ့ကြောင်းကို ထိန်းချုပ်စေ၏။ သုရာမေရယဟူသော ပဉ္စမသိက္ခာပုဒ်သည် အကုသိုလ်ရေးရာ စိတ်လှုပ်ရှားမူကို ထိန်းချုပ်စေ၏။ (အက်ဒ်မွန်ဟုမ်း)

ကိုယ်လုပ်ကိုင်ရသမျှနှင့် အသက်ရှင်ရပ်တည်နေကြရသည်။ ဒါပေမဲ့ ပေးကမ်းကူညီခြင်းဖြင့်သာ ဘ၀ကိုတည်ဆောက်ရမည်။ (Wiston Churchill)

Friday, September 19, 2008

ဘုရားသခင်နှင့်အိုင်းစတိုင်း

တက္ကသိုလ်ပါမောက္ခကြီးက ကျောင်းသားများကို အောက်ပါမေးခွန်းဖြင့် စိန်ခေါ်လိုက်သည်။
``ဘုရားသခင်က ဖြစ်တည်သမျှအရာရာကို ဖန်ဆင်းခဲ့တာလား´´
ကျောင်းသားတစ်ယောက် ရဲရဲဝံ့ဝံ့ပြန်ဖြေ၏။``ဟုတ်ကဲ့ဖန်ဆင်းခဲ့ပါတယ်´´ ``ဘုရားသခင်က အရာရာကိုဖန်ဆင်းခဲ့တယ်ပေါ့´´ဟု ပါမောက္ခက မေးလိုက်၏။
`ဟုတ်ပါတယ်ခင်ဗျာ´ဟု ကျောင်းသားက ပြန်ပြောသည်။
`တကယ်လို့ ဘုရားသခင်က အရာရာကိုဖန်ဆင်းခဲ့တယ်ဆိုရင် မကောင်းမှုက တည်ရှိနေတော့ သူဟာ မကောင်းမှုကိုလည်း ဖန်ဆင်းခဲ့တာပေါ့။ ငါတို့လုပ်ရပ်တွေဟာ ငါတို့ ဘယ်သူဆိုတာကို သတ်မှတ်တယ် ဆိုတဲ့ စည်းမျဉ်းအတိုင်းဆိုင် ဘုရားသခင်ဟာ လည်း မကောင်းမှုဖြစ်သွားပြီပေါ့´ဟု ပါမောက္ခကြီးက ဖြေလိုက်သည်။ ကျောင်းသားမှာ ဤသို့သော အဖြေမျိုး၏ ရှေ့မှောက်တွင် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ ပါမောက္ခကြီး မှာ ကိုယ့်ကိုယ်ကို ကျေနပ်သွားပြီး ခရစ်ယာန်သက်ဝင်ယုံကြည်မှုမှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ကြောင်း တစ်ကြိမ်မက သက်သေပြလိုက်ပြီဟု ကျောင်းသားများကို ကြွားဝါလိုက် ပါသည်။
အခြားကျောင်းသားတစ်ယောက်က လက်ကိုမြှောက်ပြ၍ `ကျွန်တော်မေးခွန်း တစ်ခု မေးလို့ရမလား။ ပါမောက္ခကြီးခင်ဗျား´ဟု ပြောလိုက်သည်။
`ရတာပေါ့´ဟု ပါမောက္ခကြီးက ပြန်ပြော၏။
ကျောင်းသားက မတ်တပ်ရပ်၍ `ပါမောက္ခကြီးခင်ဗျာ -အအေးဓာတ်ဟာ တကယ်ရှိပါသလား´ဟု မေးလိုက်သည်။
`မေးခွန်းက ဘယ်လိုမေးခွန်းမျိုးလဲ။ အအေးဓာတ်ဟာ တကယ်တည်ရှိတာ ပေါ့ကွ။ မင်း အအေးဓာတ်ကို မခံရဖူးလို့လား´
ကျောင်းသူကျောင်းသားများသည် ထိုသူငယ်၏မေးခွန်းအပေါ် ကြိတ်၍ ရယ် သွမ်းသွေးကြသည်။
လူငယ်ကပြန်ပြောပါသည်။ `တကယ်တော့ အအေးဓာတ်ဟာ မတည်ရှိပါဘူး ခင်ဗျာ။ ရူပဗေဒနိယာမအရဆိုရင် ကျွန်တော်တို့က အေးတယ်လို့ယူဆတာဟာ တကယ်က အပူဓာတ်ကင်းမဲ့နေတာပါ။ ခန္ဓာကိုယ်တိုင်း အရာဝတ္ထုတိုင်းမှာ စွမ်းအင်ရှိနေတာ၊ စွမ်း အင်အသွင်ကူးပြောင်းတာကို အလွယ်တကူချဉ်းကပ်လေ့လာကြည့်လို့ရပါတယ်။ အပူ ဓာတ်ဟာ ခန္ဓာကိုယ် ဒါမှမဟုတ် ရုပ်ဝတ္ထုကို စွမ်းအင်ရှိစေ၊ စွမ်းအင်အသွင်ကူးပြောင်းစေ ပါတယ်။ အကြွင်းမဲ့သုည(-460 ဒီဂရီဖာရင်ဟိုက်) ဆိုတာ အပူဓာတ်လုံးဝကင်းမဲ့နေခြင်း ဖြစ်ပါတယ်။ အဲဒီအပူချိန်မှာ ရုပ်ဝတ္ထုအားလုံးဟာ လှုပ်ရှားနိုင်တဲ့ သတ္တိကင်းမဲ့သွားပြီး မတုံ့ပြန်နိုင်တော့ပါဘူး။ အအေးဓာတ်ဆိုတာ တကယ်မတည်ရှိပါဘူး။ ကျွန်တော်တို့မှာ အပူဓာတ်လုံးဝကင်းမဲ့သလို ခံစားရတာကို ဖော်ပြဖို့သာ ဒီစကားလုံးကို ဖန်တီးလိုက်တာ ပါ´
ကျောင်းသာကဆက်ပြော၏။ `ပါမောက္ခကြီးခင်ဗျား၊ အမှောင်ဆိုတာကော တကယ်ရှိရဲ့လား´
ပါမောက္ခကြီးကတုံ့ပြန်လိုက်၏။ `တကယ်ရှိတာပေါ့ကွ´
ကျောင်းသားက ပြန်ပြောပါသည်။ `ဒီတခါလည်း ဆရာမှားပြန်ပြီ။ အမှောင် ဟာလည်း တကယ်မတည်ရှိပါဘူး။ အမှောင်ဆိုတာ တကယ်တော့ အလင်းရောင်ကင်းမဲ့ တာပါပဲ။ အလင်းရောင်ကို ကျွန်တော်တို့လေ့လာနိုင်တယ်။ အမှောင်ကိုလေ့လာလို့မရပါ ဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ နယူတန်ရဲ့ သုံးမြှောင့်ဖန်တုံးကို အသုံးပြုပြီး အဖြူ ရောင်အလင်းတန်းကနေ အရောင်မျိုးစုံဖြာထွက်အောင်လုပ်ပြီး အရောင်တစ်ခုချင်းစီရဲ့ လှိုင်းအလျားအမျိုးမျိုးကို လေ့လာနိုင်ပါတယ်။ အမှောင်ကို တိုင်းတာလို့မရနိုင်ပါဘူး။ အလင်းရဲ့ ရောင်ခြည်တန်းတစ်ခုတည်းက အမှောင်လောကကြီးကို ဖြိုခွင်းပြီး အလင်းပေးနိုင်ပါတယ်။ နေရာတစ်ခုဟာ ဘယ်လောက်မှောင်တယ် ဆိုတာ ဘယ်လို သိနိုင်သလဲ၊ ရှိ နေတဲ့ အလင်းပမာဏနဲ့ တိုင်းတာတယ်မဟုတ်လား။ အမှောင်ဆိုတာ လက်ရှိ အလင်း ကင်းမဲ့တဲ့အချိန်မှာ ဖြစ်နေတာကိုဖေါ်ပြဖို့ လူကအသုံးပြုတဲ့ ဝေါဟာရတစ်ခုပါပဲ။´
နောက်ဆုံး ထိုလူငယ်က ပါမောက္ခကြီးကို မေးခွန်းထုတ်လေသည်။ `မကောင်းမှုဆိုတာကော တကယ်ရှိပါသလားခင်ဗျား`
ဇဝေဇ၀ါဖြစ်နေသော ပါမောက္ခကြီးက တုံ့ပြန်လိုက်သည်။ `ရှိတာပေါ့ကွ ငါပြောပြီးသားပဲ။ ငါတို့နေ့တိုင်း ဒါကိုမြင်နေရတယ်လေ၊ လူက လူအပေါ် လူမဆန်စွာပြုမူ တဲ့အကြောင်း နေ့စဉ်ဥပမာထဲမှာရှိနေတာပဲ။ ကမ္ဘာကြီးက နေရာအနှံ့မှာ ရာဇ၀တ်မှု၊ အကြမ်းဖက်မှုတွေ အများကြီးထဲမှာလည်း ရှိနေတာပဲ။ အဲဒီသရုပ်သကန်တွေဟာ မကောင်းမှုကလွဲလို့ ဘာမှမဟုတ်ဘူးလေ´။
ဒါကို ကျောင်းသားကတုံ့ပြန်လိုက်၏။ `မကောင်းမှုဆိုတာလည်း တကယ် တော့မရှိပါဘူးခင်ဗျ။ အနည်းဆုံး သူ့ဘာသာသူ ရှိနေတာမဟုတ်ပါဘူး။ မကောင်းမှု ဆိုတာ ဘုရားသခင်ကင်းမဲ့နေတာပါ။ ဒါက အမှောင်နဲ့အအေးဓာတ်လိုပါပဲ။ ဘုရားသခင် ကင်းမဲ့နေတာကို ဖေါ်ပြဖို့ လူကဖန်တီးလိုက်တဲ့ စကားလုံးတစ်လုံးပါ။ ဘုရားသခင်က မကောင်းမှုကို မဖန်ဆင်းခဲ့ပါဘူး၊ မကောင်းမှုဆိုတာ အလင်းရောင်နဲ့ အပူဓာတ်တို့ တည် ရှိသလို တည်ရှိနေတဲ့ သက်ဝင်ယုံကြည်မှု၊ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာနဲ့ မတူပါဘူး။ မကောင်းမှုဆိုတာ လူ့နှလုံးသားထဲမှာ လတ်တလော ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ကင်းမဲ့နေချိန်မှာ ဖြစ်ပေါ်လာတဲ့ ရလာဒ်ပါ။ အပူဓာတ်ကင်းမဲ့တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အအေးဓာတ် ဒါမှမဟုတ် အလင်းကင်းမဲ့တဲ့အချိန်မျာ ဖြစ်ပေါ်လာတဲ့ အမှောင်လိုပါပဲ´။
ပါမောက္ခကြီးမှာ ခုံပေါ်တွင် ထိုင်ချလိုက်လေတော့သည်။
ထိုလူငယ်၏အမည်ကား `အဲလ်ဘတ်အိုင်းစတိုင်း´ဖြစ်ပါသည်။
မှတ်ချက်။ ၂၀၀၈ စက်တင်ဘာလထုတ် Global English မဂ္ဂဇင်းတွင်ပါရှိသော ဆရာ ကျော်မြင့်(မြောင်းမြ)၏ ဆောင်းပါးကို ကောက်နှုတ်တင်ပြပါသည်။

ကိုယ်နွမ်းသော်လည်းစိတ်မပန်းပါ

ဘုရားလက်ထက်က နကုလပိတာနဲ့ နကုလမာတာဆိုတဲ့ ဒကာကြီး၊ ဒကာမကြီးနှစ်ယောက်ရှိပါတယ်။ သူတို့က ဘုရားကို သိပ်ချစ်ပါတယ်။ ဘုရားနဲ့လည်းပဲ အရင်ဘ၀ ဘ၀တွေ တော်တော်များများ သားအမိ သားအဘတော်ခဲ့ဖူးတာကိုး....။ စာထဲကအတိုင်းဆိုရင် နကုလပိတာနဲ့ နကုလမာတာ နှစ်ဦးစလုံးကို တစ်ပြိုင်နက် အဖေ၊ အမေ တော်ခဲ့ရတဲ့ဘ၀ကလည်း (၅၀၀) နည်းပါးလောက် ရှိတယ်။ နကုလပိတာက အခြားသူတစ်ဦးဦးနဲ့ အိမ်ထောင်ကျလို့ သူ့ကိုပဲ အဖေတော်ခဲ့ရတဲ့ဘ၀ကလည်း(၅၀၀) နီးပါးလောက်ရှိတယ်။ နကုလမာတာကလည်း တခြားခင်ပွန်းနဲ့ အိမ်ထောင်ကျလို့ သူ့ကို အမိတော်ခဲ့ရတဲ့ဘ၀တွေကလည်း (၅၀၀)လောက်ရှိတယ်တဲ့။

ဘ၀ပေါင်းများစွာ အမေ၊ အဖေ တော်ခဲ့ရတယ်ဆိုတော့ နကုလပိတာနဲ့ နကုလမာတာဟာ မြတ်စွာဘုရားကို တွေ့တွေ့ချင်း သားလိုပဲ အလွန်ချစ်တယ်။ ဘ၀ဘ၀ က ချစ်ခဲ့တဲ့အရှိန်အဟုန်က မကုန်နိုင်ပဲကိုး။ ဒါတကယ်ပဲ ဖြစ်တတ်ပါတယ်။
ဘုရားကိုမြင်လိုက်လို့ရှိရင် သူတို့က`သား´လို့ပဲ ခေါ်တယ်။ ဒါကို တခြား ရဟန်းတွေကကြားတော့ မြတ်စွာဘုရားရဲ့ ခမည်းတော်နဲ့ မယ်တော်တို့ဟာ သုဒ္ဓေါဓနမင်းကြီးနဲ့ မယ်တော်မာယာလို့ ကြားဖူးတာပဲ။ အခုဒီ ဒကာကြီးနဲ့ဒကာမကြီး တွေက ဘုရားကိုတွေ့တော့ သားလို့ခေါ်နေတာ ဘာကြောင့်လဲလို့ မြတ်စွာဘုရားကိုမေး လျှောက်တော့ မြတ်စွာဘုရားကရှင်းပြတယ်။ ဘ၀ပေါင်းများစွာ သားအမိ၊ သားအဖတော် ခဲ့ရတဲ့သူတွေမို့လို့ ယခုဘ၀မှာလည်း တကယ့်မိဘရင်းမဟုတ်သော်လည်းပဲ မိဘအရင်း သားသမီးအရင်းလိုပဲတဲ့။
တစ်နေ့တော့ နကုလပိတာ ဒကာကြီးက မြတ်စွာဘုရားကို ဖူးဘို့ဆိုပြီး တော့ ကျောင်းတော်ကိုလာတယ်။ ရောက်တဲ့အခါကျတော့ ဘုရားကိုလျှောက်တယ်။ `မြတ်စွာဘုရား....တပည့်တော်နေ့တိုင်းပဲ မြတ်စွာဘုရားကိုဖူးချင်ပါတယ်၊ သံဃာတော် တွေကိုလည်း နေ့တိုင်းပဲဖူးချင်ပါတယ်။ ဒါပေမဲ့ အသက်ကကြီးပြီဘုရား၊ အသက်ကကြီး တော့ ခန္ဓာကိုယ်က အခုတစ်မျိုး တော်ကြာတစ်မျိုး ခဏခဏ အပြောင်းအလဲတွေဖြစ် တယ်။ အခုနေကောင်းပေမဲ့ တော်တော်ကြာ နေမကောင်းပြန်ဘူး၊ နေ့စဉ်လာချင်ပေမဲ့ လာလို့မရပါဘူး´....တဲ့။
အဲဒီတော့မြတ်စွာဘုရားက ပြန်အမိန့်ရှိတယ်။ ``တစ်မုဟုတ်လောက်ကိုယ့် ကိုယ်ကို ကျန်းမာတယ်လို့ပြောတဲ့သူဟာ အသိဉာဏ်နဲလို့ ပြောတာပါ။ဒီခန္ဓာကိုယ်ဆို တာ အစဉ်အမြဲပဲ ဒုက္ခဝေဒနာတွေဟာ အနဲနဲ့အများ ရှိနေတာပဲ´´တဲ့။
သူက မြတ်စွာဘုရားကို ဆက်လျှောက်တယ်။ ``မြတ်စွာဘုရား။ တပည့် တော် အသက်ကြီးပြီဘုရား။ တရားကို ရှည်ရှည်ဟောရင် တပည့်တော်မှတ်မိမှာ မဟုတ် ဘူး။ အဲဒီတော့ မှတ်မိလွယ်အောင် တိုတိုလေး ဟောတော်မူပါဘုရား´´တဲ့။ အဲဒီတော့ မြတ်စွာဘုရားက တကယ့်ကို တရားတိုတိုလေးဟောလိုက်တယ်။ ``အာတုရ ကာယဿ မေ သတော စိတ္တံ အနာတုရံ ဘ၀ိဿတိ´´တဲ့။ အဓိပ္ပါယ်က ``ခန္ဓာကိုယ်မှာနာကျင် သော်လည်းပဲ စိတ်မှာ မနာကျင်အောင်နေမယ်ဆိုပြီးကျင့်ပါ´´...တဲ့။
ရိုးရိုးလေးပေမယ့် ဒီတရားရဲ့အနှစ်သာရ အဓိပ္ပါယ်ဟာ အလွန့်အလွန်နက်နဲ ပါတယ်။ ဒီတရားဟာ ဘုန်းကြီးအကြိုက်ဆုံးထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
မအီမသာဖြစ်တဲ့ သဘောတွေဟာ ခန္ဓာကိုယ်မှာ အမြဲတမ်းရှိနေတယ်။ သွား လာလုပ်ကိုင်လို့ ဖြစ်နေသေးလို့သာ သူ့ကို ရောဂါလို့အမည်တပ်မနေတော့တာပါ။ ရင်ထဲက ပူသလိုလို၊ မောသလိုလို၊ တစ်ခါတစ်လေ ခေါင်းထဲက မူးသလိုလိုဆိုတာတွေ ဟာ အနဲနဲ့အများ လူတိုင်းမှာရှိတယ်။ ငယ်ရွယ်တဲ့သူတွေ ဒီလောက်မသိဘူး။ စိတ်က လည်း တက်ကြွတဲ့အရွယ်၊ ခန္ဓာကိုယ်ကလည်း သိပ်ပြီးလှုပ်ရှားတဲ့အရွယ်ဖြစ်တယ်ဆို တော့ သတိမပြုမိလို့ပါ။ လုပ်စရာကိုင်စရာတွေ များနေတော့ ကိုယ်လုပ်ချင်ကိုင်ချင်တာ တွေကိုပဲ အာရုံစူးစိုက် စိတ်ဝင်စားနေပြီး ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ မအီအသာဖြစ်မှုကို သိပ်အရေးမစိုက်နိုင်ကြဘူး။ တကယ်တော့ မွေးခါစကထဲက မအီမသာတဲ့သဘောက ရှိနေပြီးသားပါ။
`` ဘယ်သူမဆို မအီမသာဖြစ်တဲ့သဘောဟာရှိပါတယ်။ ဒါကြောင့် တမုဟုတ်လောက်များ မိမိကိုယ်ကို ကျန်းမာတယ်၊ မအီမသာဖြစ်တဲ့သဘောမရှိပါဘူးလို့ ပြောတဲ့သူဟစာ အသိဉာဏ်နဲလို့ပြောတာပါ။ ဉာဏ်ရှိရင် သူဒီလိုမပြောဘူး´´
ဒါကြောင့် ``ခန္ဓာကိုယ်မှာ နာသော်လည်းပဲ စိတ်မှာ မနာအောင်နေ´´လို့ မြတ်စွာဘုရားဟောခဲ့တဲ့ အဆုံးအမဟာ တိုတိုလေးနဲ့ အင်မတန် နက်နဲတယ်။
ဒီနေ့မနက်ပဲ ဒါကာကြီးတစ်ယောက်က သူတရားအားထုတ်တာနဲ့ပတ်သက် ပြီး လာမေးလျှောက်ရင်းနဲ့ သူပြောပြတာ...``တရားအားထုတ်လို့ အင်မတန်သတိ၊ သမာဓိကောင်းနေတဲ့အခါမှာ ခန္ဓာကိုယ်မှာ အင်မတန်မခံနိုင်လောက်အောင် နာကျင်တဲ့ သဘောရှိသော်လည်းပဲ အဲဒီနာကျင်တဲ့သဘောကို သတိလေးနဲ့ စူးစူးစိုက်စိုက် ကြည့်ပြီး တော့ သိနေရတဲ့အခါမှာ နာတာက နာတာတခြား၊ သိတာက သိတာတခြားဖြစ်နေတယ်´ တဲ့။ ခန္ဓာကိုယ်မှာတော့ နာနေတယ်၊ ဒါပေမယ့် သိနေတဲ့စိတ်က ဘယ်လိုမှမဖြစ်ဘူး။ သိနေတဲ့စိတ်ကလေးက လွတ်နေတယ်တဲ့။ နာတာကို မကျေနပ်တဲ့စိတ် `ဒေါမနဿ´ မဖြစ်ဘူးတဲ့။
သတိလေးနဲ့ကြည့်နေတယ် ဆိုကတည်းက သိတဲ့စိတ်က ဝေဒနာထဲမှာ ရော ပါမသွားဘူး။ နာနေတဲ့ဒုက္ခဝေဒနာသဘောက အာရုံအဖြစ်နဲ့ သီးခြားရှိနေတယ်။ အဲဒီ အာရုံကို သိနေတဲ့စိတ်ကလေးက သူ့ဟာသူ ခပ်ခွာခွာဘေးကနေ အဝေးကနေ ထိုင်ကြည့် ရသလိုပဲ။ နဲနဲကလေးခွာပြီးတော့ ကြည့်နေတော့ ၀င်ပူးပြီးတော့ ခွါမသွားဘူး ရောပါမသွားဘူး။
သတိလေးနဲ့နေတဲ့အခါမှာ အတွေးအတောမရှိဘူး။ သတိတကယ်ကောင်းနေ တဲ့အခါမှာ သမာဓိကလည်း အင်မတန်ကောင်းတယ်။ သတိ၊ သမာဓိ၊ ကောင်းနေတဲ့အခါ မှာ အတွေးမရှိဘူး။ အတွေးမရှိတဲ့အခါ ဖြစ်ပေါ်နေတဲ့ အာရုံဟာ ဘယ်လိုအာရုံပဲဖြစ်ဖြစ် ချမ်းသာတဲ့ဝေဒနာဖြစ်ဖြစ်၊ ဆင်းရဲတဲ့ ဝေဒနာဖြစ်ဖြစ်၊ ဥပေက္ခာဝေဒနာပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာမှ မဆိုင်သလိုဘဲ မြင်ရတယ်။ Impersonal ဖြစ်သွားတယ်။ အတွေးက သူ့ကိုလိုက် တွေးလိုက်ရင် ရောပါသွားပြီးတော့ Personal ဖြစ်လာတယ်။ ဒါ့ကြောင့် ပိုပြီးတော့နာ တယ်၊ မခံနိုင်ဘူး။
စိတ်ထဲက ``နာလိုက်တာ၊ မခံနိုင်တော့ဘူး´´ ဆိုရင် ဒေါမနဿဝေဒနာတွေ ဖြစ်လာတယ်။ ဒုက္ခဝေဒနာဟာ ဒေါမနဿကိုဖြစ်စေတယ်။ ဒေါမနဿရဲ့သဘောက ဖြစ်ပေါ်လာတဲ့ဝေဒနာကို မြန်မြန်ဖျောက်ပစ်ချင်တယ်၊ လက်ခံမထားချင်ဘူး၊ သည်းမခံနိုင် ဘူး။ ဒေါမနဿရဲ့သဘောက ခံနိုင်တဲ့အရည်အချင်းမရှိဘူး။
သတိ သမာဓိ ကောင်းလာတဲ့အခါမှာ စိတ်ကဖြစ်ပေါ်လာတဲ့ အာရုံအပေါ်မှာ အလိုအလျောက် တုန့်ပြန်မှု ( React) မလုပ်တော့ဘူး။ ဖြစ်ပေါ်လာတဲ့အာရုံကို အသာ လေးဘေးကထိုင်ကြည့်ရသလို ကြည့်လို့ရလာတယ်။ ဒီလိုကြည့်လို့ရလာလို့ရှိရင် နာတာတော့ ရှိတယ်။ နာတာကို ငါနာတယ်လို့မထင်ဘူး။ ခြေထောက်နာနေတယ်ဆိုရင် သတိလေးနဲ့ သေချာကြည့်တဲ့အခါ ခြေထောက်ဆိုတာ ပျောက်သွားတယ်။ နာတာလေး ပဲရှိတယ်။ အဲဒီ နာတာလေးကို သိတာပဲရှိတယ်။
အဲဒီလို involve မဖြစ်တဲ့အခါ၊ သူနဲ့ပတ်သက်ပြီးတော့ အတွေးအတော မရှိ တဲ့အခါ၊ အဲဒီဝေဒနာနာရဲ့ သဘောသဘာဝဟာ အရင်တုန်းကပုံစံမျိုး၊ အရင်တုန်းက သဘာဝမျိုး မဟုတ်တော့ဘူး။ ဒါကြီးပျောက်အောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ပျောက်လည်း မပျောက်နိုင်ပါလားလို့ မတွေးမိဘူး။ အတွေးရှိနေတဲ့အခါမှာ ဝေဒနာရဲ့သဘာဝဟာ ခံစားရတာ တစ်မျိုးဖြစ်နေတယ်။ အတွေးအတော လုံးဝမရှိတော့တဲ့အခါမှာ၊ သက်သက် ကြီး သိနေရတဲ့အခါမှာ ခံစားရတဲ့ဝေဒနာရဲ့သဘာဝဟာ နောက်တစ်မျိုးပြောင်းသွားတယ်
နေမကောင်းလို့ ကိုက်ခဲနေတာ နာနေတာကို ပျောက်အောင်၊ သက်သာ အောင် ဆေးသောက်သင့်ရင်လည်း သောက်ရတာပေါ့။ ဒါပေမဲ့ ဆေးသောက်ထားပါ လျက်နဲ့ သူ့ဟာသူ နာနေတာကို စိတ်ထဲကတွန်းဖယ်နေတာ (resist) မရှိတော့ဘူး။ ဘယ်လိုမှ resist မလုပ်တော့ဘူး။ သူ့ဟာသူ ပျောက်ချင်လည်းပျောက်၊ မပျောက်ချင် လည်းနေ၊ ကိုယ့်ဟာကိုယ် လုပ်သင့်တာတော့ လုပ်ပြီးပြီ၊ အသာလေး သတိလေးနဲ့ကြည့် နေမယ်ဆိုရင် ဝေဒနာရဲ့သဘောက တစ်မျိုးပြောင်းသွားတယ်။ တကယ် အတွေးမရှိ တော့ဘဲနဲ့ ဝေဒနာရဲ့သဘောကို နာမည်မတပ်ဘဲနဲ့ ပရမတ်ကျကျ၊ ပစ္စုပ္ပန်တည့်တည့် သိ နေတဲ့အချိန်မှာ ဝေဒနာရဲ့ (nature) သဘာဝဟာ ပြောင်းသွားတယ်။
ဘယ်လိုဝေဒနာသဘောပဲဖြစ်ဖြစ်၊ သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ်၊ ထုံတာပဲဖြစ် ဖြစ်၊ ကျင်တာပဲဖြစ်ဖြစ်၊ ကိုက်တာပဲဖြစ်ဖြစ် စိတ်ကလေးကို အသာလေးလျှော့ထားပြီး တော့ သူ့အပေါ်မှာ (resistant) လက်မခံချင်တဲ့စိတ် လုံးဝမရှိဘဲနဲ့ သိနေလို့ရှိရင် သူ့ရဲ့ သဘာဝဟာ ပြောင်းသွားမယ်။ စိတ်ကို relex လုပ်ပြီးတော့ နူးညံ့တဲ့စိတ်ကလေးနဲ့ သိနေရလို့ရှိရင် သက်သာမူလည်း ရသွားတယ်။
ဝေဒနာရဲ့ သဘောက သူ့ကို Resist လုပ်လေလေ ပိုပြီးတော့ နာလေလေပဲ။ မခံချင်တဲ့စိတ် အားကြီးလေလေ ခံရခက်လေလေပဲ။ လုပ်သင့်တဲ့ ဆေးဝါးကုသမှုကိုတော့ လုပ်ပါ။ လိမ်းသင့်ရင် လိမ်းပါ၊ သောက်သင့်ရင်လည်းသောက်ပါ၊ ထိုးသင့်ရင်လည်းထိုးပါ။ လုပ်သင့်တာတွေကို လုပ်ပြီးတဲ့အခါမှာ စိတ်ကလေးနဲ့ သူ့ကို အသာလေး ကြည့်ပြီးတော့ သိပြီးတော့နေပါနော်။ သူ့ကို အနတ္တအဖြစ်နဲ့ မြင်နိုင်လို့ရှိရင် ဒုက္ခအများကြီး သက်သာ သွားတယ်။
တကယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်မှာပဲ နာတာပါ။ စိတ်ထဲရောက်အောင် နာလို့မရပါဘူး။ စိတ်က သူ့ကို လက်ခံမထားချင်ဘူး၊ သူ့ကို မကြိုက်ဘူး၊ မုန်းတယ်၊ မရှိစေ ချင်ဘူး၊ မြန်မြန်ဖျောက်ပစ်ချင်တယ်၊ မြန်မြန်သက်သာသွားချင်တယ်။ အဲဒီလို သူ့ကို (resist)လုပ်လေလေ၊ (attack)လုပ်လေလေ စိတ်ထဲမှာ ပိုပြီးတော့ tensionများလေလေ ပဲ။ စိတ်ကြီးက တင်းကျပ်ပြီးတော့ ပင်ပန်းဆင်းရဲပြီးတော့ နေတော့တာပေါ့။
Resist မလုပ်ဘဲနဲ့ စိတ်ကို နူးညံ့အောင် ထားနိုင်လို့ရှိရင် စိတ်ချမ်းသာနေ တယ်။ စိတ်ကလေးကို Relex လုပ်ထားပြီးတော့ လုံးဝ Resist မလုပ်ဘဲ နူးနူးညံ့ညံ့လေး ကြည့်နေလို့ရှိရင် ဒီလိုကြည့်နေရတာကိုက စိတ်ကလေးတည်ငြိမ်ပြီးတော့တစ်မျိုးတောင် ချမ်းသာသလို ဖြစ်လာတာရှိတယ်။ တကယ် သတိ၊ သမာဓိ ကောင်းလာရင် အဲဒီလိုပဲ တွေ့ရတယ်။
ဒါ့ကြောင့် ဘယ်လိုဝေဒနာမျိုး ဖြစ်လာ ဖြစ်လာ၊ အဲဒီဝေဒနာကို စိတ်အေးအေး နဲ့ ကြည့်ဖို့လိုပါတယ်။ အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ဒီလိုဝေဒနာမျိုးကို သတိ လေးနဲ့ အေးအေးလေးကြည့်တဲ့အကျင့်ရသွားတဲ့လူဟာ ဒီထက်ပိုဆိုးတဲ့ ဝေဒနာမျိုးကြုံ လာရင်လည်း ဒီအရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမှာပဲနော်။
တချို့ဝေဒနာတွေဟာ ဆေးဝါးကုသလည်းပဲ ပျောက်ချင်မှ ပျောက်မယ်။ မပြောနိုင်ဘူး။ အဲဒီအခါ ဖြစ်ပေါ်လာတဲ့ဝေဒနာပေါ်မှာ ကိုယ့်သဘောထားမှန်ဖို့ အရေး ကြီးတယ်။
လူတွေဟာ ဘ၀တစ်လျှောက်လုံး အမြဲတမ်း resistant နဲ့ပဲ နေသွားကြတာ။ ကိုယ်မဖြစ်ချင်တာဖြစ်လာရင် ``ငါမှ ဖြစ်ရလေခြင်း၊ ငါ့ကျမှ ဘာကြောင့် ဒီဒုက္ခတွေ ဖြစ် နေရပြန်တာတုန်း´´ဆိုပြီး အမျိုးမျိုးစိတ်ဆင်းရဲတယ်။ ခန္ဓာကိုယ်မှာ နာတာ နောက်မှာ လိုက်ပြီးတော့ resistant ကြောင့် စိတ်ပါနာသွားတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဆူးတစ်ချောင်း စူးဝင်နေတာကို နောက်ဆူးတစ်ချောင်းနဲ့ ကလော်ထုတ်ဖို့ ကြိုးစားရင်း ကနေ နောက်ဆူးပါကျိုးပြီးတော့ အသားထဲမှာ ကျန်ရစ်သွားတယ်။ နှစ်ချောင်းနာသွား တာပေါ့။ ဆူးနှစ်ချောင်း စူးတဲ့ဒုက္ခ ရောက်သွားတယ်။ ခန္ဓာကိုယ်မှာ သူ့ဟာသူ အကြောင်းအမျိုးမျိုးကြောင့် ဓာတ်သဘာဝတွေ ဖေါက်ပြန်လို့ဖြစ်စေ၊ ကံ ကံ၏ အကျိုးပေးမှုကြောင့် ဒုက္ခဝေဒနာတွေ ဖြစ်လာလို့ဖြစ်စေ၊ သတိရှိတဲ့လူ ဉာဏ်ရှိတဲ့လူဟာ ဆူးတစ်ချောင်းပဲ အစူးခံမယ်၊ နှစ်ချောင်းတော့ အစူးမခံဘူး။ ခန္ဓာကိုယ်နာသော်လည်း စိတ် အနာမခံဘူး။ ဉာဏ်ရှိတဲ့လူဟာ ဒီလိုနေလို့ရတယ် နော်။ တစ်ချောင်းဆူးတာမှာ နောက်တစ်ချောင်းပါ အစူးခံလို့ရှိရင် ဉာဏ်ပညာနဲတယ်လို့ ပြောရမှာပေါ့။
အဲဒီတော့ တရားကို အလေ့အကျင့်လုပ်ပြီးတော့ အားထုတ်နေဖို့လိုတယ်။ ကြီးကြီးကျယ်ကျယ် ဗြုန်းခနဲကြုံလာခါမှ စဖို့ဆိုရင်တော့ နဲနဲခက်တယ်။ စောစော ကတည်းက အချိန်ရှိတုန်းမှာ သတိနဲ့နေတဲ့အကျင့်လေး၊ involve ဖြစ်မသွားဘဲနဲ့၊ အသာ လေး ကြည့်ပြီးတော့၊ သိပြီးတော့ နေလို့ရတဲ့ အကျင့်လေးကို ထူထောင်ဖို့လိုတယ်။ တချို့ တော်တော်နောက်ကျသွားမှ တရားအားထုတ်ဖို့ သတိရတယ်။ ဒီလိုလူတွေကို သိပ်သနားတယ်။ နှမြောလည်း နှမြောတယ်။
တရားရဲ့အကျိုးကို တကယ်ရချင်ရင် နေ့တိုင်းအားထုတ်မှဖြစ်မယ်နော်။ အလေ့အကျင့် အမြဲတမ်းလုပ်ထားမှဖြစ်မယ်။ ဒီလို သတိနဲ့နေတဲ့နည်းဟာ အသက်သာ ဆုံး နေတဲ့နည်းပဲ။ သတိနဲ့ မနေလို့ရှိရင် ပိုပြီးတော့ ဒုက္ခများတယ်။ စိတ်လည်းပင်ပန်း တယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို သနားတယ်ဆိုလို့ရှိရင် သက်သာအောင်နေတဲ့ နည်းလေနဲ့ နေမှ .....။
လောကီကိစ္စတွေကိုပဲ အရေးကြီးတယ်ထင်ပြီးတော့ အဲဒီထဲမှာပဲ အချိန်တွေ အများကြီး ကုန်ကုန်သွားနေကြတာပဲ။ တရားအားထုတ်ဖို့ အချိန်မပေးနိုင်ကြဘူး။ လောကီကိစ္စတွေ အဆင်ပြေနေတုန်းမှာလည်းပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို အေးချမ်း အောင် သက်သာအောင် ထားရမယ်။ ဒီလို အေးချမ်းအောင် သက်သာအောင် ထားတဲ့ အလေ့အကျင့်ကို မလုပ်လာတဲ့လူဟာ အကြီးအကျယ်ဒုက္ခရောက်တဲ့အခါကျရင် ဘာလုပ် ရမှန်းမသိဖြစ်သွားတတ်တယ်။
ဒီရန်ကုန်မှာ ဘုန်ကြီးနဲ့သိတဲ့ ဒကာကြီးတစ်ယောက်ဟာ သူ့မှာ အိပ်ဆေး မသောက်ရင် အိပ်လို့မပျော်တော့ဘူးတဲ့။ အဲဒါကို သူ ဘယ်လို လုပ်ရမလဲဆိုတာမေး တယ်။ အိပ်ဆေးသောက်တာတောင်မှ တစ်ခါတလေ နှစ်နာရီ သုံးနာရီကြာရင် ပြန်နိုး တယ်။ အိပ်လို့မရဘူး။ သူက အလုပ်ကို အင်မတန်ကြိုးစားတယ်။ ရာထူးလည်း တော်တော်လေးကြီးနေပြီ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကျန်းမာရေးဟာ မကောင်းတော့ဘူး။ သူ့စိတ်ကလည်း ကျန်းမာရေးမကောင်းတော့ဘူးလို့ ဆိုရမယ်။
သူ့အမူအယာကိုကြည့်ရတာ အိပ်ဆေးသောက်တာ များလွန်းလို့ ထိုင်းထိုင်း မှိုင်းမှိုင်းဖြစ်နေတယ တွေ့ရတယ်။ သိပ်သနားမိတယ်။ ``သြော်.... သူ့စိတ်နဲ့ခန္ဓာကို စောင့်ရှောက်ဖို့ရာ သတိမရဘူး။ အလုပ်ကိုတော့ တော်တော်ကြိုးစားတယ်။ ရာထူးက တော်တော်ကြီးသွားပြီ။ ဒါပေမဲ့ အိပ်လို့မပျော်ဘူး၊ စိတ်မချမ်းသာတော့ဘူး´´လို့ တွေးမိ တယ်။
အဲသလိုအခြေအနေ သိပ်ဆိုးတဲ့အဆင့်ကို မရောက်သေးခင်မှာ ကြိုကြိုတင် တင်လေး လုပ်ထားမယ်ဆိုရင် ဒီလိုအဖြစ်မျိုးကို ရောက်ကိုရောက်မှာ မဟုတ်တော့ဘူး။ ခန္ဓာကိုယ်နဲ့စိတ်ကို အမြဲတမ်း အေးချမ်းနေအောင် relex လုပ်ပြီးတော့ ထားတတ်ရင် ဒီလိုမဖြစ်ဘူး။ ဒါ့ကြောင့် ငယ်ငယ်ရွယ်ရွယ်ကတည်းက အလေ့အကျင့်လုပ်ရင်သိပ် ကောင်းတယ်။
တရားအားထုတ်ရတာ ပင်ပန်းတယ်ထင်လို့ နေ့တိုင်း မလုပ်ဖြစ်တာလားလို့ တောင် မေးလိုက်ချင်တယ်။ တရားအားထုတ်ရတာလောက် အပန်းပြေတာမရှိဘူး။ တရားအားထုတ်ရတာကို အလေ့အကျင့် ရသွားတဲ့လူဟာ ဘယ်လိုပြောလဲဆိုတော့ ``တပည့်တော် အလုပ်လုပ်လို့ တအားပင်ပန်းလာရင် တရားပဲထိုင်တော့တာပဲ´´တဲ့။ နာရီဝက်လောက်ထိုင်မိတယ်ဆိုရင်ပဲ ပင်ပန်းတာတွေဟာ တဖြည်းဖြည်းပြေပြီးတော့ ပျောက်သွားတယ်။ ဘယ်လောက်ကောင်းသလဲ စဉ်းစားကြည့်စမ်းပါ။
မနက်မှာ နာရီဝက်လောက်ထိုင်လိုက်ပါ။ ကောင်းရင်ကောင်း မကောင်းရင်နေ ပါစေ။ မနက်စောစောဆိုတာ အိပ်ရေးဝပြီးတော့ နိုးတဲ့အချိန်၊ ခန္ဓာကိုယ်မှာ အနားရတား တယ်။ အားတွေပြည့်နေတယ်။ စိတ်ကလည်း အိပ်ရေးဝထားတဲ့အတွက်ကြောင့် နဲနဲတော့ တည်ငြိမ်မှုရှိတယ်။ စိတ်ထဲမှာ လုပ်စရာကိုင်စရာတွေ အတွေးတွေ ရှုတ်ထွေးပြီးတော့ ပေါ်မလာသေးဘူး။ အဲဒါကြောင့် စောစောစီးစီးထပြီးတော့ မျက်နှာသစ်ပြီးတော့ ခဏ လေး တရားထိုင်ဖို့ကောင်းတယ်။ အလေ့အကျင့် နေ့တိုင်းလုပ်ထားတဲ့လူဆိုရင် အဲဒီ ခဏ လေးဟာ အင်မတန် တန်ဖိုးရှိတယ်။
အလေ့အကျင့်ရနေပြီဆိုရင် တရားထိုင်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ရိုက်သိလို့ရတဲ့အာရုံနဲ့ သဘာဝလေးတွေကို လွယ်လွယ်ကူကူသိနိုင်တယ်။ ဘယ် အာရုံကိုဖြစ်ဖြစ် တစ်ခုခုကိုသိနေရင်ရတာပဲ။ ခန္ဓာကိုယ်မှာ အာရုံ (Sensation)က လွဲလို့ သိလို့ရတဲ့အရာ မရှိဘူး။
မာတာပျော့တာ ရုပ်ရဲ့သဘာဝပဲ။ မာမှန်း ပျော့မှန်း ဘယ်လိုလုပ်သိသလဲဆိုရင် မာတဲ့အာရုံခံစားမှုအဖြစ်နဲ့ သိရတယ်၊ ပျော့တဲ့အာရုံခံစားမှုအဖြစ်နဲ့ သိရတယ်။ အာရုံ အဖြစ်နဲ့ ခံစားမှပဲ သိရတာပါ။ အာရုံအဖြစ်နဲ့ မခံစားရရင် မသိနိုင်ဘူး။ အရာရာတိုင်းကို အာရုံအဖြစ်နဲ့ ခံစားပြီးတော့ပဲ သိကြရတာပါ။ ခန္ဓာကိုယ်မှာ ခံစားမှုကလွဲလို့ တခြားဘာကိုမှ သိလို့မရပါဘူး။
တစ်ခုခုကို သိထားတဲ့နေရာလေးကို အာရုံပြုကြည်ရင် မာတာသိတယ်။ပျော့ တာသိတယ်၊ နွေးနေတာ သိတယ်၊ အေးနေတာ သိတယ်။ ဒီထက်ပိုပြီးတော့ သတိထား ကြည့်လို့ရှိရင် လှုပ်ရှားမှုလေးတွေရှိတယ်။ ဒီအာရုံလေးတွေကို သိဖို့ရာမခက်ပါဘူး။ ပစ္စုပ္ပန်တည့်တည့် သိနေရင် ဘာမှ ကြံစည်တွေးတောစရာမရှိဘူး။ကြံစည်တွေးတော ပြီးမှ သိတဲ့အာရုံဟာ ပစ္စုပ္ပန်တည့်တည့်အာရုံမဟုတ်ဘူး။ ပရမတ်လည်းမဟုတ်ဘူး။ စိတ်ကူးနဲ့ သိလို့ရတဲ့အတွက်ကြောင့် ပညတ်ပဲဖြစ်နေတယ်။
ပရမတ်အကြောင်းပင်ဖြစ်သော်လည်း တွေးတဲ့အချိန်မှာ ပညတ်ပဲဖြစ်သွားတာပဲ။ အတွေးနဲ့သိသမျှအားလုံးဟာ ပညတ်တွေပဲ။ မာတဲ့အကြောင်းကို အတွေးနဲ့ထိုင်တွေး နေရင် ပရမတ်မဟုတ်ဘူး။ ပညတ်ပဲဖြစ်သွားတယ်။ တွေးနေတာမဟုတ်ဘဲနဲ့ တကယ်ထိ ပြီးတော့ သိနေတဲ့အချိန်မှာ ပရမတ် တည့်နေတာပဲ။
ခန္ဓာကိုယ်မှာ မာတာ ပျော့တာ၊ ပူတာ အေးတာ၊ လှုပ်တာ ရှိနေတာပါပဲ။ လှုပ်တယ်ဆိုတာမှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်တာလည်းရှိသလို အင်မတန် သိမ်သိမ်မွေ့မွေ့ လှုပ်တာလည်းရှိတယ်။ သေသေချာချာ သတိထားကြည့်ရင် ဘယ်နေရာဖြစ်ဖြစ် တုန်ခါ နေတဲ့သဘော ရှိတယ်။ လက်နှစ်ဖက် ထိထားတယ်ဆိုရင် အဲဒီထိတဲ့နေရာလေးကို အာရုံ ပြုကြည့်စမ်းပါ။ တုန်ခါမှုရှိနေတယ်။ ခန္ဓာကိုယ်မှာ မတုန်တဲ့နေရာရယ်လို့ မရှိဘူး။ နေရာ မလပ်တုန်နေတယ်။ Vibration သဘောမျိုးရှိနေတယ်။ အဲဒီတော့ တစ်ခုခု ထင်ရှားတာ၊ သိလွယ်တာကို focal point အဖြစ်နဲ့ ထားပြီးတော့ အမြဲတမ်းအလေ့အကျင့်လုပ်ဖို့ ကောင်းတယ်။
(မှတ်ချက်။ ဆရာတော်ဦးဇောတိက၏ စိတ်နွမ်းသော်လည်း ကိုယ်မပန်းပါ စာအုပ်မှကောက်နှုတ်ထားပါသည။်)

ငါအိုသွားသောအခါ

ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊လုံချည် ဖိုသီ၊ ဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီးသတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိတ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ှခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန့်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနှင့်၊ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမူတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
သားတို့သမီးတို့ရေ..... ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။
( Ref; အမျိုသားစာပေဆုရ စာရေးဆရာကြီး မင်းသူရိန် ရေးသားပါသည်။)

Saturday, September 13, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၁)

ဘာသာအယူဝါဒအသီးသီးကို နှိုင်းယှဉ်လေ့လာသူ သုတေသီ တစ်ဦးအနေနှင့် ကျွန်ုပ်ယုံကြည်သည်က ဗုဒ္ဓဘာသာသည် ကမ္ဘာမှာပေါ်ထွန်းသော ဘာသာတရားခပ်သိမ်းတို့တွင် ပြီးပြည့်စုံဆုံးသောဘာသာတရားတစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓ၏အဘိဓမ္မာ ၊ ပဋိစ္စသမုပ္ပဒ် တရားနှင့် ကမ္မနိယာမသဘောတရားများသည် အခြားယူဝါဒအားလုံးတို့ထက် သာလွန်ပါသည်။ (ပါမောက္ခကားလ် ၊ ဂူစတပ်ယန်း)

နောင်တစ်ချိန်တွင် စကြာဝဠာတစ်ခုလုံး ကိုးကွယ်ကြသည့် ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တယူသန်ဝါဒ ၊ တရားသေ၀ါဒ များကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝ တရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာတရားသည် ရုပ် ၊ နာမ် တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပါယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မည်။ ဤအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။ အကယ်၍သာ ခေတ်သစ်သိပ္ပံနည်းကျ လိုအပ်ချက်များကို အဖြေထုတ်ဖြည့်စည်းပေးနိုင်မည့် ဘာသာတရားတစ်ခု ရှိလာမည်ဆိုလျင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။ (ဒေါက်တာ အဲလ်ဘတ် အိုင်းစတိုင်း)

ကျွန်ုပ်တို့သည် အမှန်မှာပုဂ္ဂိုလ် ၊ သတ္တ၀ါ မဟုတ်ကြပါပဲလျက် ပုဂ္ဂိုလ်သတ္တ၀ါဟု ရှုမြင်သုံးသပ် ဆင်ခြင်ခဲ့သောကြောင့်သာ သေခြင်းတရားကို ခွင့်မလွှတ်နိုင်စရာလို့ ထင်မှတ်နေခြင်းဖြစ်သည်။(၀ီးလ်ဒျူရန့်)

သိပ္ပံလောကတွင် အမြဲထာဝရဖြစ်သော အထည်ဒြပ် ၊ အတ္တဟူ၍ ဘာဆိုဘာမှ မရှိတော့ပါ။ (အက်ဒင်တန်)

ကမ္ဘာ့သမိုင်းမှာ နှစ်ပေါင်း ၂၅၀၀ ကျော်လာသည်ထိ သူ(ဗုဒ္ဓ) ၀ါဒ အောင်မြင်စွာစည်းရုံးနိုင်ခဲ့တာကိုတော့ ကျုပ်တို့ အလေးအမြတ် ပြုရမယ်။ (၀န်ကြီးချုပ် ကရူးရှက်)

အကယ်၍ အီလက်ထရွန်တစ်လုံးဟာ တစ်နေရာထဲမှာ ရပ်တည်ပြီးနေနိုင်သလားမေးရင် မနေနိုင်ဘူးလို့ဖြေရမယ်။ အီလက်ထရွန်ဟာ ငြိမ်သက်ပြီးနေသလား မေးရင်လည်း မနေဘူးပဲဖြေရမယ်။ ရွေ့လျားပြောင်းလဲနေသလား မေးရင်လည်း မဟုတ်ဘူးပဲဖြေရမယ်။ မြတ်ဗုဒ္ဓကလည်း လူသေပြီးနောက်ပိုင်း ဖြစ်တည်ခြင်းရှိသေးသလား ဆိုတဲ့မေးခွန်းမေးသူကို အဖြေပေးရင် သူတို့ခေတ် သူတို့အခါက ဥာဏ်အဆင့် အတန်းနဲ့ဆို (အဏုမြူ သိပ္ပံအဖြေကို) ၁၇ ရာစု ၊ ၁၈ ရာစုက လူတွေရဲ့အစဉ်အလာ အယူအဆတွေကြောင့် နားလည်နိုင်မှာ မဟုတ်သလိုပဲ ။(ရောဘတ်အိုပင် ဟိုင်းမား)

သိပ္ပံပညာ၏ ချီတက်မှုသည် ဗုဒ္ဓ၀ါဒ၏ အောင်ပွဲရမှုပင်ဖြစ်သည်။ သိပ္ပံပညာ၏ အသစ်တွေ့ရှိချက်များသည် ဗုဒ္ဓ၀ါဒအား အကောင်းဆုံးသက်သေပြချက်များသာဖြစ်သည်။ (ဆာ့ဟရီ ဆင်ဂိုး)

ဖန်ဆင်းရှင်ဝါဒယုံကြည်သူ။ ။ "ဂန္ဓီ ၊ ကျွန်တော်တို့ ဘာသာကို ၀င်ပါ၊ ကျွန်တော်တို့ဘာသာဝင်ဖြစ်သွားရင် မကောင်းတာတွေ ဘယ်လောက်လုပ်လုပ် ဘာအပြစ်မှ မခံရဘူး။ ထာဝရဘုရားက အကုန် တာဝန်ယူတယ်။ "
မဟတ္တမ ဂန္ဓီ ။ ။ " ကျွန်တော်က မကောင်းတာတွေ လုပ်ပြီးမှ အပြစ်မခံရအောင် လုပ်ပေးတာကို မကြိုက်ဘူး။ ကျွန်တော့်စိတ်ထဲမှာ မကောင်းတာ မလုပ်ဖြစ်အောင် လုပ်ပေးတာကိုပဲ ကြိုက်တယ်"

ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသော ဘာသာမဟုတ် ၊ မူဝါဒဖြင့် နေထိုင်ရသော ဘ၀ဖြစ်၏ ။ အကျိုးဆက်အားဖြင့် သည်းခံသော ဘာသာတရားတစ်ခုဖြစ်၏။ ယင်းသည် နေမင်းကြီး အောက်ရှိ စိတ်ကောင်းစေတနာအရှိဆုံး စနစ်တစ်ခုဖြစ်ပါသည်။ (ခရစ်ယာန် ဘုန်းတော်ကြီး ဂျိုးဇက်ဝိန်း )

ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့ လက္ခဏာဖြစ်တဲ့ ဘ၀လွတ်မြောက်ရေး ( ဒုက္ခကင်းဝေး ချမ်းသာရေး) သဘောဟာ တခြားဘာသာ အယူဝါဒများ (မဟာယာန အပါအ၀င်) အားလုံးနှင့် လွန်စွာခြားနားတယ်။ မြတ်ဗုဒ္ဓက လူတွေကို ကိုယ့်ဘ၀ ၀ဋ်ဆင်းရဲက လွတ်မြောက်အောင် ကိုယ့်အားကိုယ် ကိုးပြီး ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမယ် ။ ပြင်ပကယ်တင်ရှင်ကို ဘယ်မှာမှ ရှာမနေနဲ့။ ဗုဒ္ဓမြတ်စွာဟာ ကျုပ်တို့အတွက် ဘ၀လွတ်မြောက်ဖို့ လိုအပ်တဲ့ တရားတွေကိုပဲ ဟောကြားတော်မူခဲ့တယ်။ (ကမ္ဘာ့သာသနာပြု ရှင်သေဠိလ)

ဘာသာရေးအတွင်း၌ သိပ္ပံပညာ၏ စမ်းသပ်ဝေဖန်မှုနှင့် ကင်းလွတ်စွာ တည်ရှိနေသော အမြုတေ တစ်ခုရှိနေသည်။ (ဒေါက်တာ စီအီးအမ် ဂျုဒ်)

မည်သို့ပင် ကာလသုံးမျိုး ထပ်ဖန်တလဲ ပြောင်းရွေ့နေပါစေ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်ကြားတွင် ထင်ရှားသော ခြားနားချက်မှာ အလွဲသိမြင်ခြင်းပင် ဖြစ်သည်။ (ဒေါက်တာ အဲလ်ဘတ် အိုင်းစတိုင်း)

ဤ ကမ္ဘာလောကကြီးမှာ အစရှိရမယ်လို့ တွေးတောဆင်ခြင်စရာ ဘာအကြောင်းမှမရှိပါ၊ အရာဝတ္ဘုတိုင်းမှာ စတင်ဖြစ်ပေါ်ခြင်း ရှိရမယ်ဆိုတဲ့ အယူအဆဟာ အမှန်မှာတော့ ကျွန်ုပ်တို့ရဲ့ အတွေးဥာဏ်မွဲလို့ ဖြစ်တာပါ။ (ဘာထရန် ရပ်ဆယ်)

သမုဒ္ဒရာနှင့် သံသရာ

" ရဟန်းတို့-ပင်လယ်သမုဒ္ဒရာ၌ လှိုင်းတံပိုးတို့ရှိကုန်၏၊ ၀ဲဂယက်တို့ရှိကုန်၏၊ ငါး-မိကျောင်းတို့ ရှိကုန်၏၊ ၎င်းတို့သည် ပင်လယ်သမုဒ္ဒရာသို့ ကူးဖြတ်သူအား ဖမ်းယူ နှိပ်စက်တက်ကုန်၏။"
" ရဟန်းတို့- ဤလောက၌ ရာဂ၊ ဒေါသ၊ မောဟတို့သည် ရှိကုန်၏၊ ၎င်းတို့သည် သံသရာ ခရီးသည်တို့အား ဖမ်းယူနှိပ်စက်တက်ကုန်၏၊"
" ရဟန်းတို့- အကြင်ပုဂ္ဂိုလ်သည် ရာဂ-ဒေါသ-မောဟတို့ကို ကင်းကွာစေနိုင်ငြားအံ့၊ ထိုပုဂ္ဂိုလ်သည် ကြောက်မက်ဖွယ်ရာသော လှိုင်းတံပိုး၊ ၀ဲဂယက်နှင့်တကွ၊ ဖမ်းယူနှိပ်စက်တက်ကုန်သော ငါး-မိကျောင်းတို့နှင့်တကွ ပင်လယ်သမုဒ္ဒရာကို ကူးမြောက်ပြီးသူဟု ဆိုအပ်၏၊ ကမ်းတစ်ဖက်သို့ ရောက်ပြီးသူဟု ဆိုအပ်၏၊ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက် ကြည်းကုန်းထက်၌ ရောက်ရှိတည်ရှိနေသူဟု ဆိုအပ်ပေ၏။"
ယင်းသို့လျှင် မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား ဟောကြားတော်မူလေ၏။
( စာရေးသူ=လေးမြိုင် စာအုပ်အမည်=ဗုဒ္ဓ၏ ၀ါဒစစ်ပွဲများ)

သေလွန်ပြီးသောအခါ

ကပိလ၀တ်ပြည်၊ နိဂြောဓာရုံ ကျောင်းတော်၌ ဗုဒ္ဓမြတ်စွာသီတင်းသုံးနေစဉ်အခါ ဖြစ်၏။ ထိုအခါ၌ မဟာနာမ် သာကီဝင်မင်းသည် ဗုဒ္ဓထံသို့ ရောက်လာချဉ်းကပ်ကာ ဤသို့ရှောက်ထားလေ၏။
" အရှင်ဘုရား- ဤကပိလ၀တ်ပြည်သည် လူဦးရေ ထူထပ်ပေါများ၍ စည်ကားလှပါ၏။ လမ်းတို လမ်းရှည်နှင့် ဈေးအိမ်တို့လည်း များပြားလှပါ၏။ အရှင်ဘုရား- တပည့်တော်သည် မြတ်စွာဘုရားကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ဆည်းကပ်ခစားပြီး၍ ညနေချမ်းအချိန်၌ ကပိလ၀တ်သို့ ၀င်သည်ရှိသော် ပြေးသွားနေသောဆင်နှင့်လည်း တွေ့ဆုံရပါ၏၊ မြင်း-ရထား-လှည်းတို့နှင့်လည်း တွေ့ဆုံရပါ၏၊ အရှင်ဘုရား-ထိုအခါမျိုး၌ တပည့်တော်အား မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် လွတ်သည်သာတည်း၊ တရားတော်-သံဃာတော်တို့ကို အာရုံပြုသောစိတ်သည် လွတ်သည်သာတည်း အရှင်ဘုရား- ထိုအခါငါသည် ဤအချိန်၌ သေရမူ ဘယ်ဘ၀သို့လားရောက်ရပါမည်နည်း ဟုတွေးတောမိပါသည်ဘုရား " ဟုလျှောက်ထား၏။
ထိုအခါ မြတ်စွာဘုရားက " မဟာနာမ်-သင်မကြောက်ပါနှင့်၊ မစိုးရိမ်ပါနှင့်၊ သင့်အား မယုတ်ညံ့သော သေခြင်းဖြစ်လတ္တံ့"
" မဟာနာမ်-အကြင်သူသည် ရှည်မြင့်စွာသော ကာလပတ်လုံး ယုံကြည်မူသဒ္ဓါဖြင့် ထုံအပ်သော စိတ် ဆောက်တည်မူ သီလ၊ အကြားအမြင် သုတ၊ စွန့်ကြဲမူ စာဂ၊ အသိဥာဏ် ပညာတို့ဖြင့်ထုံအပ်သောစိတ် ရှိသူဖြစ်၏၊ ထိုသူ၏ ခန္ဓာရုပ်သည် မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ ထမင်း-မုန့်စသော အစာ အာဟာရတို့ဖြင့် ကြီးပွားရ၏၊ ပြုပြင်ထိန်းမတ်ပေးရခြင်း သဘောရှိ၏၊ မတည်မြဲခြင်း၊ ပြိုကွဲပျက်စီးခြင်း သဘောရှိ၏"
" ထိုခန္ဓာကိုယ်ရုပ်ကို ကျီးငှတ်တို့လည်း ထိုးဆိတ်ကုန်၏၊ တောခွေး၊ အိမ်ခွေးနှင့် ပိုးလောက်တို့လည်း ခဲစားကြကုန်၏၊ သို့သော် မဟာနာမ်- ထိုသူ၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ဖြင့် ရှည်မြင့်စွာသော ကာလပတ်လုံး ထုံအပ်သောစိတ်သည်ကား အထက်သို့သာ တက်လေ့ရှိပေ၏၊ ထူးခြားစွာ သွားလေ့ရှိပေ၏၊"
" မဟာနာမ်- ဥပမာအားဖြင့်ကား ထောပတ်အိုးကို ရေအိုင်ထဲ၌ ရိုက်ခွဲလိုက်သောအခါ အိုးခြမ်းကွဲတို့သည် ရေအောက်သို့ကျရောက်၍ ထောပတ်တို့သည် ရေပေါ်သို့ တက်ရောက်ကုန်သကဲ့သို့တည်း။"
" မဟာနာမ်- အရှေ့အရပ်သို့ ကိုင်းညွတ်လျက်ရှိသော သစ်ပင်ကို အရင်းမှ ဖြတ်ပိုင်းသော် ထိုသစ်ပင်သည် အဘယ်အရပ်သို့လဲကျပေမည်နည်း၊ မဟာနာမ်-ထိုသစ်ပင်သည် အရှေ့အရပ်သို့သာလျှင် လဲကျမည် မဟုတ်လား။"
" မဟာနာမ်- ထိုဥပမာအတိုင်းပင်တည်း၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်သော သူတော်ကောင်းတရားနှင့် ပြည့်စုံ ထုံမွမ်းပြီးသူသည် နိဗ္ဗာန်သို့ ရှေ့ရှု ကိုင်းညွတ်သည်သာဖြစ်၏၊ ထို့ကြောင့် မဟာနာမ်- စိုးရိမ်ကြောငြ့်ကမဖြစ်ပါနှင့်၊ သင်၏သေခြင်းသည် ကောင်းသောသေခြင်း ဖြစ်လတ္တံ့၊ သင်၏ လားရာဂတိသည် မယုတ်ညံ့သော ဂတိ ဖြစ်လတ္တံ့" ဟု မိန့်ကြားတော်မူ၏။
(စာရေးသူ=လေးမြိုင် စာအုပ်အမည်=ဗုဒ္ဓ၏ ၀ါဒစစ်ပွဲများ)

ချမ်းသာခြင်းသို.ရောက်ရှိပြီးသူ

အရှင်ဘဒ္ဒိယသည် သာကီဝင်မင်းသားတစ်ဦးဖြစ်ခဲ့၏။ ထီးနန်းစည်းစိမ် အလုံးစုံကို စွန့်လွှတ်၍ ရဟန်းပြုသူ ဖြစ်လေသည်။
ထို အရှင်ဘဒ္ဒိယသည် တောအုပ်၊ သစ်ပင်ရင်းတို့၌ တစ်ပါးတည်း နေလေ့ရှိ၏။ " ဪ-ချမ်းသာပေစွာ့၊ ချမ်းသာပေစွာ့" ဟုကျူးရင့်လေ့ရှိ၏။
ယင်းကဲ့သို့ အရှင်ဘဒ္ဒိယ ကျူးရင့်သည်ကို အခြားသော ရဟန်းများ ကြားရလေသည်။ ထိုအခါ ရဟန်းများသည် " ဤ အရှင်ဘဒ္ဒိယသည် အကျင့်မြတ်ကို မမွေ့လျော်ဘဲနှင့် ' ဪ-ချမ်းသာပေစွာ့၊ ချမ်းသာပေစွ' ဟုကျူးရင့်ခြင်းသာ ဖြစ်ပေမည်၊ လူ့ဘ၀တုန်းက ခံစားခဲ့ရသော ထီးနန်းစည်းစိမ်ကို အောက်မေ့ပြီး ကျူးရင့်ခြင်း ဖြစ်ပေလိမ့်မည်" ဟု တွေးထင်မိကြကုန်၏။
ထို့ကြောင့် ရဟန်းတို့သည် အနုပိယမြို့၊ သရက်တော၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအား အရှင်ဘဒ္ဒိယ အကြောင်းကို လျှောက်ထားကြလေ၏။
မြတ်စွာဘုရားသည် အရှင်ဘဒ္ဒိယကို ခေါ်စေ၍ မေးတော်မူ၏။
" ဘဒ္ဒိယ-သင်သည် ဆိတ်ငြိမ်ရာ၌ တစ်ယောက်တည်းနေလျက် ' ဪ-ချမ်းသာပေစွာ့၊ ချမ်းသာပေစွာ့ ' ဟူ၍ ကျူးရင့်လေ့ ရှိသည်ဟု ကြားရသည်မှာ မှန်သလား"
" အရှင်ဘုရား-ဤအတိုင်းမှန်ပါသည်" ဟု အရှင်ဘဒ္ဒိယ က၀န်ခံ လျှောက်ကြား၏။
" ဘဒ္ဒိယ-သင်သည် အဘယ်အကြောင်းကို သိမြင်၍ ကျူးရင့်လေသနည်း"
" အရှင်ဘုရား-တပည့်တော်သည် ရှေးလူဖြစ်စဉ် အခါတုန်းက နန်းတွင်း နန်းပြင် အစောင့်အရှောက် ချထားပါ၏၊ မြို.၊ ရွာ၊ နိဂုံး၊ ဇနပုဒ် တို့၌လည်း အစောင့်အရှောက်ကို ကောင်းစွာစီရင်၍ ထားပါ၏၊ အရှင်ဘုရား-ဤသို့ လုံခြုမူကို စီရင်ထားပါသော်လည်း တပည့်တော်သည် ကြောက်ရွံ့ စိုးရိမ်လျက်သာပင် နေခဲ့ရပါ၏၊ အိပ်ခဲ့ရပါ၏။ အရှင်ဘုရား-တပည့်တော်သည် ယခုအခါ၌မူကား တစ်ယောက်တည်း ဆိတ်ငြိမ်ရာ၌ နေရသော်လည်း မကြောက်ရွံ့ မစိုးရိမ်ရတော့ပါ၊ ထို့ကြောင့် ' ဪ-ချမ်းသာပေစွာ့၊ ချမ်းသာပေစွာ့' ဟုကျူးရင့်ခြင်း ဖြစ်ပါသည်" လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားသည်-" အကြင်ပုဂ္ဂိုလ်၏ အတွင်းစိတ်၌ အမျက်ဒေါသတို့သည် မရှိကုန်၊ ဤသို့ပြည့်စုံခြင်း ပျက်စီးခြင်းကိုလည်း လွန်မြောက်၏၊ ဘေးကင်း၍ ချမ်းသာသော ကြောငြ့်ကကင်းသော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်ပင် မြင်ရန် မစွမ်းနိုင်တကား" ဟု ဥဒါန်းကျူးရင့်တော်မူလေ၏။
(စာရေးသူ=လေးမြိုင် စာအုပ်အမည်=ဗုဒ္ဓ၏ ၀ါဒစစ်ပွဲများ)

ထားရှိရမည့်သတိတရား

ဒီအခန်းမှာ ဘ၀အတွက် အလွန်အရေးကြီးတဲ့ 'သတိတရား' အကြောင်းပြောပြချင်တယ်၊ ကိုယ်တို့စိတ်ဝင်စားတဲ့ နည်းပညာ တွေဆိုတာဒီဘ၀အတွက်ပဲ အသုံးဝင်တာပါ။ သတိလေးကို ကောင်းကောင်းအသုံးချမယ်ဆိုရင် သံသရာအတွက်ပါ အကျိုးရှိမယ်ပေါ့။ ပြောရမယ်ဆိုရင်တော့အရှည်ကြီးဗျ။ (အရှည်ကြီးဆိုတာ ကျွန်တော်ရဲ့Nick name တော့မဟုတ်ဘူး) သတိဆိုတာမမေ့လျော့ခြင်း အပ္ပမာဒပေါ့ဗျာ၊ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကောသလမင်းကြီးက အခုလို မေးလျှေက်ဘူးတယ်- "အရှင်ဘုရား မျက်မှောက်ဘ၀၌ ခံစားရသောအကျိုး တမလွန်ဘ၀၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါး
လုံး ပြီးစေနိုင်သည့် တစ်ခုတည်းသော တရားဟူ၍ ရှိပါသလား" တဲ့
မြတ်စွာဘုရားရှင်က "မင်းကြီး ရှိပေ၏။ ထိုတရားမှာ မမေ့လျော့မူ-အပ္ပမာဒ တရားပင်တည်း။" လို့ဖြေကြားတော်မူပါတယ်။
ကဲ.... ကျွန်တော်မပြောဘူးလား၊ သတိကအရေးကြီးပါတယ်ဆို။ အရေးမကြီးဘူးလား ဒကာကြီး။ အဲ....မှားလို့၊ အရေးမကြီးဘူးလားဗျာ။ ဒီနေရာမှာ ဆရာတော်ဦးဇောတိက ရဲ့ဩ၀ါဒကိုအနည်းငယ်ရေးသား
လိုတယ်။
" ဗုဒ္ဓဘာသာတရားတော်မှာ အရေးအကြီးဆုံးအလုပ်ဟာ ကိုယ်စိတ်မှာဖြစ်နေတာတွေကို အမှန်အတိုင်းသိနေအောင် သတိနဲ့နေတဲ့အလုပ်ပဲဖြစ်တယ်။ မြင့်မြတ်တဲ့စိတ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ အကျင့်ထဲမှာ ဒီအကျင့်ဟာကျင့်သုံးရကျိုးနပ်တဲ့ တစ်ခုတည်းသောအကျင့်ပဲ။ "
ဥပမာ မိတ်ဆွေတို့ရဲ့စိတ်ထဲမှာ ဒေါသဖြစ်လာရင် " ဒေါသဖြစ်နေပါလား " လို့ သတိနဲ့သိလိုက်ပါ။ ဒေါသနည်းသွားမယ်ပေါ့ဗျာ။ လောဘတို့ မောဟတို့ ကိုလည်းထိုနည်းလည်းကောင်းပေါ့။ သတိတရားကလည်း အဆန်းကြယ်သား၊ လောဘ ဒေါသ မောဟ တွေဖြစ်ပေါ်နေတဲ့အချိန် အဲ့ဒီပူလောင်တဲ့တရားတွေကို သတိလေးနဲ့ကြည့်လိုက်။ တဖြည်းဖြည်း ပူလောင်တဲ့တရားတွေ ပျောက်ကွယ်သွား
လိမ့်မယ်။ သတိရှိတဲ့သူရဲ့ စိတ်ဟာအေးချမ်းတယ်၊ တည်ငြိမ်တယ်၊ စိတ်ပျံ့လွင့်ခြင်း(ဥဒ္ဓစ္စ) မရှိဘူး၊ အမှန်ကိုအမှန်အတိုင်းသိတယ်။ ကိုယ်လိုရာကိုဆွဲမတွေးဘူး။ ဘ၀မှာ ကြုံတွေ့ရတဲ့ ပြသနာတွေကိုလည်း
မှန်မှန်ကန်ကန် သဘာဝကျကျ ဖြေရှင်းနိုင်မယ်၊ ဘ၀မှာ သတိနဲ့နေရင် အဆင်ပြေမယ်၊ မဟုတ်ရင်တော့ ဘ၀ဟာ အင်မတန်ရှုတ်ထွေးသွားလိမ့်မယ်။ ဒါကြောင့်ဆရာတော်ဦးဇောတိက က "The more unmindful you are the more confused you are." လို့မိန့်ကြားတော်မူတာဖြစ်တယ်။ ဘုရားအလောင်း သိဒ္ဓတ္တမင်းသားက -
" သဒ္ဓါလွန်လျင် ကွန့်သည်။ ပညာလွန်လျင် ဆွံ့သည်။ သတိသာလျင် လွန်သည်မရှိ " လို့မိန့်ခဲ့ဘူးတယ်ဗျ။ သတိနဲ့ဘယ်လိုနေရမလဲ? ရှင်းပါတယ်ဗျာ။ ပစ္စုပ္ပန်မှာ နေပေါ့ဗျ။ အတိတ်၊ အနာဂတ် ဆိုတာရှိမှမရှိဘဲကိုး။ ပြောရမယ်ဆိုရင် အတွေးတွေထဲမှာမြှပ်မထားနဲ့ပေါ့ဗျာ။ သတိလေးနဲ့နေပေါ့။ ပစ္စုပ္ပန်မှာနေတက်ခြင်းဟာ ပျော်ရွှင်ချမ်းမြေ့ခြင်းပဲ။ S.Ramlu ဆိုတဲ့ ပုဂ္ဂိုလ်က အခုလိုပြောဘူးတယ်-
" The key to enjoying life is to live it moment by moment.Do not live in the past or in the future. "
ဗုဒ္ဓမြတ်စွာဘရားရှင်က သတိတရားဟာ အလုံးစုံအကျိုးရှိစေသော တရားတို့ရဲ့တည်မှီရာဟုပင် မိန့်တော်မူတယ်။ ဓမ္မပဒမှာဆိုရင် မမေ့မလျော့ သတိရှိခြင်းဟာ မသေခြင်း (နိဗ္ဗာန်) ရဲ့အကြောင်းဖြစ်တယ်
လို့ဆိုထားတယ်။ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ သတိနဲ့ပတ်သက်လို့ မိန့်ကြားခဲ့တဲ့ ဩ၀ါဒက ဒီလိုဗျ-
" အညှာခိုင်မှအသီးတွေလှသလို သတိခိုင်မှလည်း စိတ်တွေငြိမ်းချမ်းရမှာမို့ အာရုံတိုင်းကို ငြိမ်းချမ်းတဲ့အာရုံ ဖြစ်စေချင်တယ်ဆိုရင် ကိုယ်စိတ်ကို ထာဝရ ငြိမ်းချမ်းနေအောင် သတိအစွမ်းတွေ အမြဲထုံမွှမ်းထားဖို့ပါပဲ " တဲ့။
သတိဘယ်လောက်ထိအရေးကြီးတယ်ဆိုတာ ကုန်ကုန်ပြောမယ်ဗျာ။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုခါနီးမှာတောင် အခုလိုမှာကြားတယ်ဆိုတာအရေးကြီးလို့ပေါ့ဗျ။ " သတိရှိကြလော့၊ သင်္ခါရတရားတို့သည် မမြဲခြင်း အနိစ္စသဘောရှိ၏။"(၀ယဓမ္မာ သင်္ခါရာအပ္ပမာဒေန သမ္ပာဒေထ)
လှိုင်မဟာစည်ဆရာတော်က " သတိပဋ္ဌာန် တရားအားထုတ်ပြီးမှသင့်ဘ၀ပြည့်စုံမည်။" (Life attains perfection only by Maha Satipatthana Vipassana.) လို့မိန့်ကြားတော်မူတယ်။
ကဲ....မိတ်ဆွေ သင့်ဘ၀ရောပြည့်စုံပြီလား။
(မှတ်ချက်။ The Light of English မဂ္ဂဇင်း ၂၀၀၈၊မေလထုတ် တွင်ဖော်ပြခြင်းခံရသော ကျွန်တော့်သူငယ်ချင်း မလှိုင်သားတစ်ဦးရေးသားသည့် ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။)

မြတ်ဗုဒ္ဓ္ဓဩ၀ါဒများ

မိမိသာလျင် မိမိကိုးကွယ်ရာဖြစ်၏ မိမိမှတစ်ပါး အဘယ်သူသည် မိမိကိုးကွယ်ရာဖြစ်ပါအံ့နည်း။ (မြတ်ဗုဒ္ဓ)

အကျင့်သီလကင်းမဲ့ခြင်းဖြင့် အသက်တစ်ရာနေခြင်းထက် အကျင့်သီလဘာဝနာ ပြည့်စုံစွာဖြင့် တစ်ရက်တည်းအသက်ရှင်၍နေခြင်းက ပို၍မြတ်၏။ (ဓမ္မပဒ-၁၀၃)

ကုသိုလ်ဖြစ်ခြင်း၏ အနီးဆုံးအကြောင်းသည် ယောနိသောမနသိကာရ ရှိခြင်းဖြစ်၏ အကုသိုလ်ဖြစ်ခြင်း၏ အနီးဆုံးအကြောင်းသည် အယောနိသောမနသိကာရရှိခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ(အင်္ဂုတ္တိုရ်ဠိတော်)

မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင်မပြောနဲ့၊ လိမ်ဝံ့တဲ့သူမလုပ်ရဲသော အကုသိုလ်ဟူ၍ မရှိနိုင်တော့၊ မှောက်ထားသောရေခွက်မှာ ရေစက်တစ်စက်မှမကျန်သကဲ့သို့ လိမ်ဝံ့သူ၌ အရည်ချင်းကောင်းဟူ သမျှမရှိတော့။ (မြတ်ဗုဒ္ဓ)

သမင်သည်ပြည်တန်ပတ္တမြားကိုမြင်သော်လည်း တန်ဖိုးမသိသည့်အတွက် မြက်ကိုသာစားပြီး တောထဲဝင်သကဲ့သို့ ပညာမရှိသောလူသည် အလွန်အဖိုးတန်သော လူ့ဘ၀ကိုရသော်လည်း တန်ဖိုးမသိသည်. အတွက် ကာမဂုဏ်ကိုခံစားပြီး အပါယ်လေးပါးသို့သွားသည်။ (ဓမ္မပဒ)

ဝတ္တုကာမဂုဏ်တွေနဲ့ မလိမ်းကျံတော့တဲ့သူ၊ ၀ဋ်ဒုက္ခအပေါင်းနဲ့ဝေးပြီးငြိမ်းအေးနေတဲ့သူ ကိလေသာ အဘိသင်္ခါရ ကာမဂုဏ် သုံးထွေသောတရားတို့ငြိမ်းပြီးတဲ့သူဟာ နေ့ညဥ့်ဆက်ကာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ အိပ်စက်ရပေတယ်။ (မြတ်ဗုဒ္ဓ)

သူတစ်ပါး အပြစ်ကို အဖန်ဖန်ရှုလေ့ရှိသည်ဖြစ်၍ အမြဲတမ်းကဲ့ရဲ့ ရှုတ်ချလိုသော အမှတ်သညာ ရှိနေသူအား အပါယ်လားကြောင်း အာသဝေါတရားတို့သည် တိုးပွားကုန်၏ ထိုသို့ သူတစ်ပါးအပြစ်ကို ရှာလေ့ရှိသောသူသည် အာသဝေါတရားကုန်ရာ အရဟတ္တမဂ်မှ လွန်စွာဝေး၏။ (ဓမ္မပဒ)

ချစ်သားဥဂ္ဂသေန.... ပညာရှိတဲ့သူဟာ အတိတ် အနာဂတ် ပစ္စုပ္ပန် ခန္ဓာတွေမှာဖြစ်တဲ့ တွယ်တာခြင်းတဏှာကိုပယ်စွန့်ပြီး ပဋိသန္ဓေတည်ခြင်းမှ လွတ်မြောက်ဖို့် သင့်လှပေတယ်။ (မြတ်ဗုဒ္ဓ)

တစ်စုံတစ်ယောက်သောသူသည် ဤခန္ဓာကိုယ်ကြီးကိုရထားပါလျက် ငါသည်အနာကင်း၏ ကျန်းမာ၏ ဟုဆိုသော် ထိုသူကား မိုက်မဲသူသာတည်း၊ ထိုကြောင့် သူကြွယ် ဤအရာဝယ်ငါသည်နာကျင်သောကိုယ်ရှိသူဖြစ်လျက် ငါ၏စိတ်သည် နာကျင်မူကင်းသည် ဖြစ်လတ္တံ့ ဟုကျင့်အပ်၏။ (မြတ်ဗုဒ္ဓ)

အကြင်ပုဂ္ဂိလ်သည် မြေကြီးကဲ့သို့သည်းခံ၏ ရွှံ့ညွန်ကင်းသော ရေကန်ကဲ့သို့ ကိလေသာမယှဉ် ကြည်လင်သောစိတ်ရှိ၏ တံတိုင်းကဲ့သို့ ခိုင်မာသော အကျင့်ရှိ၏ ထိုသို့သော ပုဂ္ဂိလ်အားသံသရာ၌ ကျင်လည်ခြင်းတို့သည် မဖြစ်တော့ပေ။ (ဓမ္မပဒ)

ရဟန်းတို့...တစ်ခုသောတရားသည်အင်္ဂါရှစ်ပါးရှိသောအရိယာမဂ်ကိုဖြစ်စေခြင်းငှာအကျိုးများ၏တစ်ခုသောတရားဟူသည်အဘယ်နည်း၊ ရဟန်းတို့ သင့်သောအားဖြင့်နှလုံးသွင်းခြင်း ယောနိသောမနသှိကာရနှင့် ပြည့်စုံခြင်းပေတည်း။ (မြတ်ဗုဒ္ဓ)

အာနန္ဒာ.....မိမိ၏မိတ်ဆွေများ ဆွေမျိုးဥာတကာများ ကိုမေတ္တာရှေ့ထား၍ သနားလိုကြပါလျင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး တို့၌ သက်ဝင်အောင်တိုက်တွန်းအပ်၏။ (အင်္ဂုတ္တရ်၊ တိကနိပါတ်၊ နိဝေသကသုတ်)

မင်းကြီး....အကျင့်သီလရှိမရှိကို ပေါင်းသင်းဆက်ဆံကြည့်မှ သိနိုင်၏ သီလစင်ကြယ်မကြယ်ကို ရှေ့စကားနှင့်နောက်စကား ညီညွတ်မူရှိမရှိကို ထောက်ချင့်၍ သိနိုင်၏ ဥာဏခွန်အားရှိမရှိကို ဘေးအန္တရယ်မှ လွတ်မြောက်အောင် စွမ်းဆောင်နိုင် မစွမ်းဆောင်နိုင် ကိုကြည့်၍ သိနိုင်၏ ဥာဏ်ပညာမပြည့်ဝလျင် မသိနိုင်ပေ။ (မြတ်ဗုဒ္ဓ)

ရဟန်းတို့ ..... ပေးကမ်းစွန့်ကြဲခြင်း စေတနာရဲ့အကျိုးကို ငါသိသလို သတ္တ၀ါများ သိကြမယ်ဆိုရင် ကိုယ်စားမဲ့ ၀တ္ထုထဲက သူတစ်ပါးကို မပေးကမ်းပဲ ဘာကိုမျှ စားနိုင်မည်မဟုတ်ပေ။ ကိုယ့်ပစ္စည်းကို မပေးရက်တဲ့ အကုသိုလ်စိတ်တွေလည်း သတ္တ၀ါတို့ကိုနှိပ်စက်နိုင်မှာ မဟုတ်ပေ။ (ဣတိဝုတ်ပါဠိတော်၊ဒါနသုတ်)

ပုဏ္ဏ.....အဆင်း၊အသံ၊ အနံ့၊ အရသာ ၊ အတွေ့အထိနှင့် စိတ်ဖြင့်ကြံစည်အပ်သော အထွေထွေအာရုံများကို သာယာစရာ နှစ်သက်စရာ အဖြစ်ဖြင့် တွေးတောကြံစည်သောသူအား သာယာနှစ်သက်ခြင်းဖြစ်ပေါ်လာ၏ ။ ပုဏ္ဏ သာယာနှစ်သက်ခြင်းဖြစ်လျင် ဆင်းရဲဒုက္ခဖြစ်ပေါ်၏ ဟုငါဘုရား ဟောကြား၏ ။ အဆင်း ၊ အသံ ၊ အနံ့ ၊ အရသာ ၊ အတွေ့အထိနှင့် စိတ်ဖြင့်ကြံစည်အပ်သော အထွေထွေ အာရုံများကိုသာယာစရာ နှစ်သက်စရာ အဖြစ်ဖြင့် မတွေးတော မကြံစည်သော သူအား သာယာနှစ်သက်ခြင်းသည် ချုပ်၏ ။ သာယာနှစ်သက်ခြင်း ချုပ်လျင် ဆင်းရဲ ဒုက္ခ ချုပ်၏ ဟုငါဘုရားဟောကြား၏။ (မြတ်ဗုဒ္ဓ)

နက္ခတ်ကောင်းကို စောင့်မျှော်နေသောလူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်၍သွားကြ၏။ ကောင်းသောအလုပ်ကိုစလုပ်သော နေ့သည်ပင် ကောင်းသောနက္ခတ်ဖြစ်၏။ ကောင်းကင်မှာသွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားကိုမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။ (ဧကနိပါတ်၊ နက္ခတ္တဇတ်)

ပုဏ္ဏား.....ကြမ်းတမ်းယုတ်မာ ဆဲဆိုလာသောသူကို သူမိုက်ကသာအောင်နိုင်သည်ဟု ထင်မှတ်၏။ အမှန်မှာထိုအောင်ပွဲသည် သူ့အတွက်မဟုတ်ပေ၊ ပညာဖြင့်ဆင်ခြင်၍ သည်းခံနိုင်စွမ်းသော အာဇာနည်ပုဂ္ဂိုလ်၏ အောင်ပွဲသာလျင်ဖြစ်ပေသည်၊ အကြင်သူသည် အမျက်ထွက်သောသူအား တုံ့ပြန်၍ အမျက်ထွက်၏။ ထို့သို့အမျက်ထွက်ခြင်းဖြင့် ထိုသူသည် ပထမ အမျက်ထွက်သူထက် ပို၍ယုတ်မာ၏။ အမျက်ထွက်သူကို တုံ့ပြန်ရန်မူခြင်း မရှိသောသူသည်ကားနိုင်ခဲသော စစ်ပွဲကိုအောင်သူဖြစ်၏။ (မြတ်ဗုဒ္ဓ)

လူများသည် ပညာမရှိသောသူကန်းများသာဖြစ်၍ ဤလောက၌ အနည်းငယ်မျှသောသူသာ အနိစ္စ၊ဒုက္ခစသောဝိပဿနာကိုပွားများနိုင်၏ မုဆိုး၏ပိုက်ကွန်မှလွတ်ထွက်သောငှက်သည် နည်းသကဲ့သို့သေသောသူတို့တွင် နတ်ပြည်သွားသောသူသည် နည်းလှ၏။ (ဓမ္မပဒ)

ကုသိုလ်ကောင်းမူတို့၌စိတ်ကူးကြံစည်ရုံမျှနှင့်ပင်လျင်အကျိုးကျေးဇူးများလှပေ၏ဟုငါဘုရားဟောတော်မူ၏။ကိုယ်ရောနှုတ်ပါပြုကျင့်ပါက အကျိုးကျေးဇူးများခြင်း၌ အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း။(ဓမ္မပဒ)

ဒုက္ခချုပ်ငြိမ်းခြင်းဟူသော နိရောဓသစ္စာတရားသည် ကိုယ်တိုင်မျက်မှောက်ပြုအပ်သော တရားဖြစ်၏။ (ဓမ္မစက္ကပ၀တ္တနသုတ်)

ဖြစ်ပေါ်လာသောဆင်းရဲ ဟူသမျှတို့သည် သင်္ခါရဟူသောအကြောင်းကြောင့်ဖြစ်၏ သင်္ခါရတို့ ချုပ်ငြိမ်းသွားလျင် ဆင်းရဲဖြစ်ခြင်းမရှိ။ (သုတ္တနိပါတ်၊ ဂါထာ-၇၃၇)

ရုပ်နာမ်ဓမ္မသင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့်ရှုမြင်နိုင်သောအခါ ရုပ်နာမ်ဓမ္မသင်္ခါတို့၌ ငြီးငွေ့၏။ဤငြီးငွေ့ခြင်းသည် ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်၏အကြောင်းဖြစ်၏။(ဓမ္မပဒ)

ခံစားမူမှန်သမျှသည် ဆင်းရဲခြင်းနှင့် ဆက်နွယ်လျက်ရှိ၏။ (သံယုတ်ပါဠိ၊ အာလာရသုတ်)

ဖြစ်ခြင်းသဘောရှိသော အရာခပ်သိမ်းတို့သည် ပျက်ခြင်းသဘောလည်းရှိကြကုန်၏။ (ဓမ္မစက္ကပ၀တ္တနသုတ်)

ဆရာတော်ကြီးများဩ၀ါဒ

ဒုက္ခသည်သာ ရှိ၏ ဒုက္ခကို ခံစားတက်သောသူ တစ်ယောက်မှ မရှိ။ ပြုပြင်ခြင်းသာ ရှိ၏ ပြုတက်သူမရှိ။ (ရှင်ဗုဒ္ဓဃောသ)

ကုသိုလ်ကို ကိုယ်ကမေ့လျင် ကုသိုလ်က ကိုယ့်ကိုမေ့လိမ့်မည်။ ကုသိုလ်က ကိုယ့်ကိုမေ့လျင် ဘေးတွေ့ လိမ့်မည်။ (စံကျောင်းဆရာတော်ကြီး)

သူတစ်ပါးက မိမိထက်သာတာကို မြင်ရလို့ ၀မ်းသာလိုက်ရင် မုဒိတာခေါ်တဲ့ကုသိုလ် ဖြစ်တယ်။ မနာလိုလိုက်ရင် ဣသာဆိုတဲ့ အကုသိုလ် ဖြစ်တယ်။ အဲ့ဒီတော့ ပညာရှိသူတော်ကောင်းမှန်ရင် အရည်မရ အဖက်မရတာချင်း အတူတူ အလကားနေရင်း အကုသိုလ် အဖြစ်မခံဘဲ ကုသိုလ်ဖြစ်အောင် ကြိုးစားပြီး ကောင်းမြတ်တဲ့ စိတ်ထားမျိုးထားသင့်တယ်။ (ဆရာတော်တစ်ပါး)

ရုပ်ခန္ဓာကြီးက သေရွာဘက်သွားနေချိန်မှာ နာမ်ခန္ဓာက မသေရာဘက်သွားနေစေရမယ်။ (မိုးကုတ်ဆရာတော်ဘုရားကြီး)

ဒေါသခွန်အားကြီးသူက တုတ်ဓားလက်နက်ကိုင်ပြီး အနိုင်ယူတတ် ကြတယ်၊ မေတ္တာခွန်အားကြီးသူကျတော့ ခန္တီလက်နက်စွဲကိုင်ပြီး အရှုံးပေးရဲတဲ့ သတ္တိရှိရတယ်။ အမရပူရ၊တူမောင်းဆရာတော်ကြီး
ကျေနပ်စရာကြောင့်ဖြစ်စေ၊ မကျေနပ်စရာကြောင့်ဖြစ်စေ လောကဓံကြောင့်တုန်လှုပ်နေသူမှန်သမျှ လောကကိုအရှုံးပေးနေရသူချည်းပါပဲ။ (မထေရ်မြတ်တစ်ပါး)

အယောင်ဆောင်ပညာရှိက အပြစ်ကိုသာရှာပြီးထောက်ပြတတ်တယ၊် ပညာရှိအစစ်က အမှန်ကိုချီးကျူးပြီး အမှားကိုပြုပြင်ပေးတယ်။ (အရှင်မဟာဗုဒ္ဓဃောသ)

နဂိုကစိတ်နေ ဘယ်လောက်နူးညံ့နူးညံ့ဒေါသ၀င်လာရင် စိတ်နေကြမ်းတမ်းသွားပါတယ်။ နဂိုကစိတ်နေ ဘယ်လောက်မြင့်မြတ်မြင့်မြတ် ဒေါသ၀င်လာရင် စိတ်ဓာတ်ယုတ်ညံ့သွားပါတယ်။ (ဆရာတော်အရှင်ဆန္ဒာဓိက)

မဟာသတိပဋ္ဌာန် ၀ိပဿနာ အလုပ်အားထုတ်ပြီးမှသင့် ဘ၀ပြည့်စုံမည်။ (လှိုင်မဟာစည်ဆရာတော်)

ကုသိုလ်အလုပ် ကောင်းတဲ့အလုပ်ဆိုတာ မလုပ်ချင်ပေမဲ့ ပေပြီးလုပ်ရတယ်၊ မကောင်းတဲ့အလုပ်ဆိုတာ လုပ်ချင်ပေမဲ့ မလုပ်ဘဲအောင့်ပြီးနေရတယ်။ (မစိုးရိမ်ဆရာတော်ကြီ်း)

ဗုဒ္ဓဘာသာတရားတော်မှာ အရေးအကြီးဆုံးအလုပ်ဟာ ကိုယ်စိတ်မှာဖြစ်နေတာတွေကို အမှန်အတိုင်းသိနေအောင် သတိနဲ့နေတဲ့အလုပ်ပဲဖြစ်တယ်။ မြင့်မြတ်တဲ့စိတ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာ အကျင့်ထဲမှာ ဒီအကျင့်ဟာကျင့်သုံးရကျိုးနပ်တဲ့ တစ်ခုတည်းသောအကျင့်ပဲ။ (ဆရာတော်ဦးဇောတိက)

လူစွမ်းကောင်းတို့သည် အချိန်နှင့်အလုပ်ကို တိတိကျကျ မိမိရရ ယူလိုက်ကြသည်၊ သူတို့သည် အချိန်နှင့်အလုပ်ကို ကြီးကျယ်ခမ်းနားအောင် ပြုလုပ်ဖန်တီးလိုက်ကြသည်။ (သီတဂူဆရာတော်)

စိတ်ဆိုတာဝမ်းသာစရာထက် ပူစရာကို ပိုပြီးတွေးတက်တယ်၊ အဆင်ပြေတဲ့ကိစ္စထက် အဆင်မပြေတဲ့ကိစ္စကို ပိုတွေးတက်တယ်၊ အဲ့ဒီတော့ အတွေးထဲမှာနေတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူပဲ။ (ဆရာတော်ဦးဇောတိက)

ခန္ဓာဝန်ထုပ်ကျတော့ ကူလီထမ်းသမားတွေထမ်းရတဲ့ ၀န်ထုပ်နဲ့မတူဘူး။ အချိန်အကန့်အသတ်နဲ့ထမ်းရတဲ့ ၀န်ထုပ်မဟုတ်ဘဲ အချိန်ပြည့်ထမ်းရတဲ့ ၀န်ထုပ်ဖြစ်နေပါတယ်။ (ဆရာတော်အရှင်ဆန္ဒာဓိက)

ငါ၏အူခွေအူမတို့သည် ဆာလောင်မွတ်သိပ်သည့်အတွက် မိမိတည်ရာဝမ်းဗိုက်အတွင်းမှထွက်၍ အစာရှာထွက်စေကာမူ အသက်စွန့်ရစေကာမူ အသက်မွေးမူကိုစောင့်ရှောက်ခြင်း အာဇီဝသီလကို မဖျက်ပေအံ့။ (ရှင်သာရိပုတ္တရာမထေရ်)

လေယဉ်တွေ ကားတွေ ရထားတွေ ရပ်နားထားချိန်မှာ ချို့ယွင်းမူရှိမရှိ စစ်ဆေးတာဟာ အဆိုးမြင်ဝါဒလား၊ ချို့ယွင်းတယ်ဆိုတာကို လက်ခံတာဟာ အနိစ္စသဘောကို လက်ခံတာပဲ မဟုတ်လား။ (ဓမ္မဘေရီအရှင်ဝီရိယ)

ရှေ့စိတ်ဖြစ်ဘိ နောက်စိတ်သိ သိတိုင်းအပူစင်။ (ယောဆရာတော်)

လောကရဲ့သဘာဝက လိုချင်တာအကုန်လုံး ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ ဖြစ်ချင်တာတွေအများကြီးထဲက နဲနဲပါးပါးလောက်ပဲဖြစ်မယ်။ ဖြစ်လာတဲ့ကိစ္စတိုင်းဟာလည်းကိုယ့်စိတ်တိုင်းကျဖြစ်မှာမဟုတ်ဘူး
စိတ်တိုင်းကျဖြစ်လာတာတောင်မှ စိတ်တိုင်းမကျဘူး။ စိတ်ရဲ့သဘာဝကိုကဒီအတိုင်းပဲ။ (ဆရာတော်ဦးဇောတိက)

ကိလေသာတိမ်တွေဖုံးအုပ်နေလို့ မမြင်တွေ့ရတဲ့ နိဗ္ဗာန်လမင်းကြီးကို မြင်တွေ့ချင်ရင် ကိုယ့်ရဲ့ဥာဏ်မျက်လုံးမှာ ကိလေသာတိမ်တွေကင်းစင်သွားအောင် အရင်းဆုံးကြိုးစားရပါမယ်။ (ဆရာတော်အရှင်ဆန္ဒာဓိက)

သူမသိရှာလို့ ကဲ့ရဲ့လေသည်၊ ထင်တိုင်းပြောဆိုတက်သည်မှာ မစောင့်စည်းတက်သူတို့၏ ဓမ္မတာပင်တည်း၊ အကယ်၍သာအမှန်အတိုင်းသိသွားပါက ကဲ့ရဲ့မိတဲ့အတွက်သူ့မှာ အများကြီးစိတ်မကောင်း ဖြစ်ရှာလိမ့်မည်၊ ယခုငါ အကဲ့ရဲ့ခံရသည်မှာလည်း အပြစ်မရှိသူကို ကဲ့ရဲ့ခဲ့ဖူးလို့ဖြစ်ပေလိမ့်မည်၊ ၀ဋ်ကြွေးရှိတဲ့အတွက် ခံရသည်မှာ စိတ်နာဖွယ် မရှိပေ။ (မဟာစည်ဆရာတော်)

ရိုးသားသောစိတ်နှင့် အပြစ်ကင်းသောအလုပ်ကို ဇွဲရှိရှိလုပ်နေတက်သူကို အချိန်ကတိုးတက်အောင် မြှင့်တင်ပေးတက်မြဲဖြစ်သည်။ (ဆရာတော်ဦးဥတ္တမသာရ)

ကုသိုလ်ကောင်းမှုတွေ အများကြီးရှိတဲ့အထဲက တကယ်အကျိုးအများဆုံး၊ အင်အားအကြီးဆုံးကုသိုလ်ဟာ အပ္ပမာဒကုသိုလ်ပဲ။ သတိနဲ့နေတာ၊ မမေ့မလျော့နေတာ(Mindfulness) ဟာ အင်အားအကြီးဆုံး
ကုသိုလ်ပဲ။ စိတ်ကိုသိနေတာဟာ အရေးအကြီးဆုံး အလုပ်ဖြစ်တယ်။ အရာရာတိုင်းကို စိတ်ကလွှမ်းမိုးတယ်။ ဒါကြောင့်စိတ်ကို သိနေဖို့ အရေးကြီးတယ်။ သူ့ကိုမသိရင်ခက်မယ်။ (ဆရာတော်ဦးဇောတိက)

အင်္ဂလိပ်လိုဖတ်ဖို့

Not only the fact of suffering do I teach , but also deliverance from it. (Buddha)

There is no fire like lust.There is no grip like anger. (Dhammapada)

Science without religion is lame, religion without science is blind. ( Albert Einstein)

My country is the world and my religion is to do good. ( Thomas Paine)

All tremble at punishment, all fear death, comparing others with oneself, one should neither kill nor cause to kill. (Dhammapada)

As a student of comparative religions, I believe that Buddhism is the most perfect one the world has ever seen.The philosophy of the Buddha, the theory of evolution and the law of Kamma were far superior to any other creed. ( Prof.Karl Gustav Jung )

Doing good to others is not a duty. It is a privilege, and it gives pleasure leading to better health and happiness. (Zoroaster)

Knowledge is needed for success in the world.Meditation is needed to realise Nibannic bliss.Sila(Morality) is necessary for both. (Francis Story)

The more unmindful you are the more confused you are. (Sayadaw U Jotika)

What laughter, what joy, when it is burning always? Enveloped in darkness, why do you not seek a light. (Dhammapada)

In truth we are not individuals, and it is because we think ourselves such that death seems unforgivable. (Will Durant)

I count him braver who overcomes his desires than him who overcomes his enemies. (Aristotle)

Man was not born for himself, but for his country. (Plato)

To see what is right and not to do it is want of courage. (Confucius)

Hell has three gates; lust, anger and greed. ( Bhagavadgita)

Things are beautiful if you love them. (Jean Anouilh)

If there is hell upon earth, it is to be found in a melancholy man's heart. (Robert Burton)

Knowing other is intelligence; Knowing yourself is true wisdom.Mastering other is strength; Mastering yourself is true power. (Lao Tzu)

From the point of view of the Buddha's teaching, enviromental pollution is but the external manifestation of man's internal moral pollution. ( Prof.Lily de Silva)

The distinction between past, present and future is only an illusion, however persistent. (Albert Einstein)

I never think of the future. It comes soon enough. (Albert Einstein)

We make a living by what we get, but we make a life by what we give. (Wiston Churchill)

The angry man will defeat himself in battle as well as in life. ( Samurai maxim)

Mere suffering exists, but no sufferer is found.The deeds are, but no doer is found. ( Buddhaghosa)

The extinction of greed, the extinction of hate, the extinction of delusion, this is indeed, called Nirvana. ( Buddha)

Though one should live a hundred years immorally and unrestrained, yet it would indeed be better to live one day virtuously and meditatively. (Dhammapada)

Buddhism is a righteous way of life for the peace and happiness of every living being. It is a method to get rid of miseries and to find liberation. (Ven.Dr.K.Sri.Dhammananda)

Let us live happily and free from ailment.Let us live happily and be free from greed; among those who are greedy. (Dhammapada)

This cycle of continuity(samsara) is without a visible end and the frist beginning of beings wandering and running round enveloped in ignorance(avijja) bound down by the fetters of thirst (desire,tanha) is not to be perceived. (Buddha)

Your worst enemy cannot harm you as much as your own mind, unguarded. But one mastered, no one can help as much, not even your father, or any other relative. ( Buddha)

Faith is the source of my power.
Sorrow is my friend.
Knowledge is my weapon.
Patience is my Garb and virtue. ( Prophet Mohammad)

Long is the night to him that keeps awake, long is the league for the tired(traveller) and is the round of births to the fools who do not understand the good law. ( Dhammapada)

The life for one day of one who sees the rising and vanishing (of things) is better than if one were to live for a hundred years not seeing the arising and vanishing (of things). ( Dhammapada)

Overcome your enemies with love. (Mary Duchesne)

Only a kind heart can find happiness. ( Donald Chai)

Heaven is a consolation for those who lack ability to create their own heaven on earth. (Henry Thronder)

If you patient in one moment of anger, you will escape a hundred days of sorrow. (Chinese Proverb)
Lost wealth may be replaced by industry, lost knowledge by study, lost health by medicine, lost time is gone forever. S.Smiles