ဆရာကြီးခင်ဗျား.....ဆရာကြီးရေးခဲ့တဲ့ စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုကြီးဟာ ကမ္ဘာမှာ အရှည်ဆုံးဝတ္ထုကြီးဖြစ်သလို အကောင်းဆုံးဝတ္ထုကြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်ဖတ်ခဲ့သမျှ ၀တ္ထုကြီးတွေထဲမှာ စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုကြီးဟာ အကောင်းဆုံးပါပဲ ဟု ချီးမွမ်းလိုက်ရာ တော်စတွိုင်းက-
" အဲဒီ ၀တ္ထုကြီးအကြောင်း ကျွန်တော်ကို လာမပြောပါနဲ့၊ ဒီဝတ္ထုကြီးကို ရေးခဲ့မိတဲ့အတွက် ကျွန်တော်ကို ကျွန်တော် ရှက်လို့မဆုံးပါဘူး၊ ဒီဝတ္ထုကြီးတစ်ခုလုံးဟာ သမ္ဖပ္ပလာပ (အကျိုးမရှိ၊ ပြိန်ဖျင်းပြီး အနှစ်သာရမရှိတာတွေ) ချည်းပါ" ဟု ပြန်ပြောခဲ့ပါသည်။ တော်စတွိုင်း ဖြစ်ရပ်မှ သင်ခန်းစာထုတ်ယူလျှင် မိမိရေးသော စာသည်-
လိုချင်တပ်မက်သော လောဘမီး၊စိတ်ဆိုးအမျက်ထွက်သော ဒေါသမီး၊
တွေဝေမိုက်မှားသော မောဟမီး၊
ငါရှိ၊ ငါသိထောင်လွှားသော မာနမီး၊
ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါရှိသည်ဟု အယူမှားသော ဒိဋ္ဌိမီး၊ ငါသည် ဖြစ်ခဲ့သလား၊ ဖြစ်သလား စသည်ဖြင့်-
ယုံမှားသော ၀ိစိကိစ္ဆာမီး၊
စိတ်ကို လေးလံထိုင်းမှိုင်းစေသော ထိနမီး၊စိတ်ပျံ့လွင့်သော ဥဒစ္စမီး၊
အကုသိုလ်ကို မရှက်သော အဟိရိကမီး၊
အကုသိုလ်ကို မကြောက်သော အနောတ္တပ္ပမီး၊
သူတစ်ပါးကို မနာလိုသော ဣသာမီး၊
ကိုယ်ရသလို သူတစ်ပါးကို မရစေလိုသော မစ္ဆရိယမီးစသည် တို့ကို နည်းပါးအောင်၊ ကုန်အောင် ပြုလုပ်ပေးနိုင်ရပါမည်။ တိုးပွားအောင် များပြားအောင် ပြုလုပ်မပေးရပါ၊
(ဆရာတော်အရှင်ဇ၀န ရေးသားတော်မူသော အတွင်းရန်သူ စာအုပ်မှကူးယူဖော်ပြပါသည်။)