Saturday, January 10, 2009

တော်စတွိုင်းကို အရှက်ရစေသောဝတ္ထု

ဆရာကြီးခင်ဗျား.....ဆရာကြီးရေးခဲ့တဲ့ စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုကြီးဟာ ကမ္ဘာမှာ အရှည်ဆုံးဝတ္ထုကြီးဖြစ်သလို အကောင်းဆုံးဝတ္ထုကြီးလည်း ဖြစ်ပါတယ်။ ကျွန်တော်ဖတ်ခဲ့သမျှ ၀တ္ထုကြီးတွေထဲမှာ စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုကြီးဟာ အကောင်းဆုံးပါပဲ ဟု ချီးမွမ်းလိုက်ရာ တော်စတွိုင်းက-
" အဲဒီ ၀တ္ထုကြီးအကြောင်း ကျွန်တော်ကို လာမပြောပါနဲ့၊ ဒီဝတ္ထုကြီးကို ရေးခဲ့မိတဲ့အတွက် ကျွန်တော်ကို ကျွန်တော် ရှက်လို့မဆုံးပါဘူး၊ ဒီဝတ္ထုကြီးတစ်ခုလုံးဟာ သမ္ဖပ္ပလာပ (အကျိုးမရှိ၊ ပြိန်ဖျင်းပြီး အနှစ်သာရမရှိတာတွေ) ချည်းပါ" ဟု ပြန်ပြောခဲ့ပါသည်။ တော်စတွိုင်း ဖြစ်ရပ်မှ သင်ခန်းစာထုတ်ယူလျှင် မိမိရေးသော စာသည်-
လိုချင်တပ်မက်သော လောဘမီး၊
စိတ်ဆိုးအမျက်ထွက်သော ဒေါသမီး၊
တွေဝေမိုက်မှားသော မောဟမီး၊
ငါရှိ၊ ငါသိထောင်လွှားသော မာနမီး၊
ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါရှိသည်ဟု အယူမှားသော ဒိဋ္ဌိမီး၊ ငါသည် ဖြစ်ခဲ့သလား၊ ဖြစ်သလား စသည်ဖြင့်-
ယုံမှားသော ၀ိစိကိစ္ဆာမီး၊
စိတ်ကို လေးလံထိုင်းမှိုင်းစေသော ထိနမီး၊
စိတ်ပျံ့လွင့်သော ဥဒစ္စမီး၊
အကုသိုလ်ကို မရှက်သော အဟိရိကမီး၊
အကုသိုလ်ကို မကြောက်သော အနောတ္တပ္ပမီး၊
သူတစ်ပါးကို မနာလိုသော ဣသာမီး၊
ကိုယ်ရသလို သူတစ်ပါးကို မရစေလိုသော မစ္ဆရိယမီးစသည် တို့ကို နည်းပါးအောင်၊ ကုန်အောင် ပြုလုပ်ပေးနိုင်ရပါမည်။ တိုးပွားအောင် များပြားအောင် ပြုလုပ်မပေးရပါ၊
(ဆရာတော်အရှင်ဇ၀န ရေးသားတော်မူသော အတွင်းရန်သူ စာအုပ်မှကူးယူဖော်ပြပါသည်။)

3 comments:

မာရေးသျှင် said...

သတိထားစရာပါပဲ
အခုလို ဝေမျှတာ ကျေးဇူးပါခင်မျာ။
ကျနော်တို့ မီးသတ်ကြပါစို့….

sonesiyar.blogspot.com said...

မီးသတ်ကြပါစို့တဲ့လား.. မာရေးသျှင်က ဒီလိုလေးရေးတော့ ကျွန်တော်က သူရေးတာလေးကို မှီပြီး ဒီလိုလေး တွေးမိသဗျ။

ဟုတ်တာပေါ့ မီးသတ်ကြရမှာလေ.. ဒါပေမယ့် မီးသတ်ကားဆိုတဲ့ ဒီခန္ဓာကိုယ်ကြီးမှာ ၀ိပဿနာဆိုတဲ့ ရေမဖြည့်ရင်လည်း မီးမငြိမ်းနိုင်ပါဘူးနော်...

လေးစားစွာဖြင့်
ဖိုးသား

သက်တန့် said...

ပြည့်ဝတဲ့ စပါးနှံဆိုတာ..............
မီးဘေးရှောင် မလောင်ခင်တား...
လောင်တာတော့ လောင်နေပြီ...
မှတ်သားသွားပါတယ်... :)