Saturday, January 3, 2009

နှစ်သက်မိတဲ့ကဗျာတစ်ပုဒ်(၂)

နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်(၁)ကို ရေးခဲ့ပြီးတာ ကြာပါပြီ။ အဲဒီ ကဗျာ(၁)လေးက ကျွန်တော်လို တရားအားထုတ်ဖို. အပျင်းကြီးသူတွေအတွက် အမြဲဖတ်သင့်တဲ့ ကဗျာလေးပါ။ တိဘက်ဗုဒ္ဓဘာသာဝင် တစ်ဦးရေးတာပါ။ အခုတစ်ခါ ကိုယ်တွေ.၀ိပဿနာဆိုတဲ့ စာအုပ်လေးထဲမှာ တရုတ်ကဗျာဆရာကြီး Han Shan ရေးတဲ့ကဗျာလေးကို နှစ်သက်မိလို. ပြန်လည် ဖော်ပြလိုက်ပါတယ် ခင်ဗျာ။ အမျိုးသမီးတစ်ယောက်ရဲ. အလှဟာ ဇရာဝင်လာပြီးတဲ့နောက် ပြောင်းလဲသွားပုံကို သံဝေဂယူဖို. ကဗျာဆရာက ရည်ရွယ်ပုံရပါတယ်။

" ပုလဲကန်.လန်.ကာ
ခန်းသာမှာကျောက်စိမ်း
မိန်းမပျိုလှလွန်းဆွေ
ခံစားလို.နေတယ်လေ
ရှုတိုင်းလှတုနှိုင်းမရပါ
နတ်သမီးထက်သာ
သူ.ကိုယ်မှာကြော့ရှင်း
သူ.မျက်နှာအဆင်းက
ပ၀င်းတဲ့ပန်းမာလာ
နွေဦးရာသီမှာ
သူ.စံအိမ်ရှေ.မျက်နှာ
နှင်းမှုန်တွေဖြာ
နွေနှောင်းကျပြန်တော့
သူ.စံအိမ်နောက်ဘက်ခြမ်း
သုတ်လေပြည်ဖြန်း
ကွာလှမ်းခဲ့ရက်တောင်တာ
နှစ်သုံးဆယ်ကြာလေတော့
သူ.မျက်နှာသူ.အလှလည်း
စက်ကကျလာတဲ့
ကြံဖတ်ရဲ.ပုံပမာ
သွေ.ခြောက်၍နေပါပြီ။"

8 comments:

Anonymous said...

အစ်ကို..

ညီလည်း ဖတ်ဖူးတယ် အဲဒီကဗျာလေး

ဆရာ ဦးဆန်းလွင်နဲ့ ဆရာဦးဟန်ဌေး တို့ ဘာသာပြန်ထားတဲ့ ကိုယ်တွေ့ဝိပဿနာ စာအုပ်ထဲမှာလေ.. ညီလည်းကြိုက်တယ်။

အစ်ကို့ရဲ့ အလင်းဓါတ်တွေ လောကမြေကမ္ဘာပေါ် များများ ဖြန့်ခင်းနိုင်ပါစေ။

လေးစားစွာဖြင့်
ဖိုးသား

Anonymous said...

အစ်ကို..

ညီလည်း ဖတ်ဖူးတယ် အဲဒီကဗျာလေး

ဆရာ ဦးဆန်းလွင်နဲ့ ဆရာဦးဟန်ဌေး တို့ ဘာသာပြန်ထားတဲ့ ကိုယ်တွေ့ဝိပဿနာ စာအုပ်ထဲမှာလေ.. ညီလည်းကြိုက်တယ်။

အစ်ကို့ရဲ့ အလင်းဓါတ်တွေ ဤမြေကမ္ဘာပေါ် ခပ်များများလေး ဖြန့်ခင်းနိုင်ပါစေ။

လေးစားစွာဖြင့်
ဖိုးသား

Anonymous said...

လာလည်သွားတယ်ဗျာ။ ကဗျာကောင်းလေးဖတ်သွားတယ်ဗျာ။ ကဗျာလေးတွေ တော်တော်လေးကောင်းတာပဲ နောက်လည်းလာခဲ့မယ်နော်။

thihanyein said...

အဟေး ကြိုက်တယ်ဗျ

ညီအကိုများ said...

အင်း တစ်ကယ့် သံဝေဂရစရာကဗျာပါပေပဲဗျာ..

မိုးကြယ်

Anonymous said...

အလင်းစေတမန်ရေ----
နေမကောင်းတာကြာပြီ---
ရောက်အောင်လာလည်ရင်းပိုစ့်လေးကို--
ဖတ်တယ်--မှတ်တယ်---
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ---

ဇင်ယော် said...

အသေအချာ ခံစားမိရင် သတိထားသင့်တဲ့ အချက်လေးကို ရေးပြထားတာ ပေါ်လွင်တယ်ဗျာ။ အရေပြားပေါ်က စပါးလုံးတစ်ထောက်စာအလှကို မာန်ဝင့်နေသူတွေအတွက် ဖတ်သင့်တဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ

WWKM said...

အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ မောင်ငယ်ရဲကြီး
ရေ.. အစ်မကို စောင်းပြောနေသလိုပဲ..ဟီးးးး
ကိုယ့်အစ်မ တစ်ယောက်ပဲဥစ္စာ..တည့်တည့်ပြောလဲရပါတယ်ကွယ်. :D