Sunday, October 26, 2008

ဖြစ်သလိုစားတဲ့နေ့

ကျွန်တော်မောင်ရဲကြီးတစ်ယောက် ဒီTag Post ကိုမရေးချင်လို့ အကြောင်းအမျိုးမျိုးပြပြီး ရှောင်ပါသေးတယ်ခင်ဗျ။ အလုပ်များချင်ယောင်ဆောင်ပြီး Email ကတစ်မျိုး ဆီဗုံးကတစ်သွယ် မရေးပါရစေနဲ့ ခွင့်တောင်းပေမယ့် မ၀ါဝါကလည်း ခွင့်ပြုမယ့်ပုံမပေါ်ပါဘူးခင်ဗျ။ ဖြစ်သလိုစားတဲ့နေ့ ရေးရမယ်ဆို ရက်တွေများလို့ ဘယ်ကစရမှန်းတောင် မသိပါဘူးခင်ဗျ။ လတ်တလော အဖြစ်အပျက်ပြောရမယ်ဆိုရင် ဂလိုဗျ။ ကျွန်တော်တို့သင်တန်းကလည်း စနေနေ့ပါ သင်နေရတယ်ဗျ။ သီတင်းကျွတ်လပြည့်တောင် အနားမပေးတာနဲ့ မချစ်သော်လည်းအောင့်ကာသင် ပေါ့ဗျာ။ ဟော..... Sunday ရောက်ပြီဆိုပြီး နားမယ်ကြံကာရှိသေး လေ့လာရေးခရီးရှိပါသတဲ့ ခင်ဗျ။ စနေညမှာ ထုံးစံအတိုင်း Gtalk တက်ရင်း စင်္ကာပူက သူငယ်ချင်းတစ်ယောက်နဲ့ အာရိုက်ကြသေးသဗျ။ ကြုံတုံးပြောရမယ်ဆိုရင် ကျွန်တော် Internet သုံးရတာ အဆင်သိပ်မပြေဘူးဗျ။ Wireless မရတဲ့နေရာ ရောက်နေတာနဲ့ Phone နဲ့ Computer ချိတ်သုံးရသဗျ။ အကျိုးဆက်အနေနဲ့ ပိုက်ဆံပိုကုန်တယ်ခင်ဗျ။ ကြုံကြွားလေးကြွားရဦးမယ်ဆိုရင် ကျွန်တော်က နေ့တိုင်း မနက်(၅)နာရီဆို အိပ်ရာကနိုးပြီဗျ။ Early to bed and early to rise makes a man whealthy, healthy and wise. ဆိုလားဗျာ၊ အဲ့ဒီစကားပုံကို လိုက်နာတဲ့အနေနဲ့ ပေါ့ဗျာ၊ မှားရင်လည်း ပြင်ဖတ်ပေးကြပါခင်ဗျ။ ဒီမနက်တော့ သူငယ်ချင်းများနဲ့ အာရိုက်ခြင်း အကျိုးကျေးဇူးနဲ့ သင်တန်းသားအားလုံး ကျောင်းကားပေါ်ရောက်နေချိန်မှာ ဇိမ်ကျကောင်းနေတုန်း အခန်းတံခါးလာခေါက်ကြသဗျ။ တနင်္ဂနွေနေ့ကို ဘာလို့လာနှိုးကြပါလိမ့်လို့ တွေးရင်းတံခါးဖွင့်ကြည့်တော့၊ အလိုလေး.... သူများတွေ အနောက်တိုင်းဝတ်စုံ ကိုယ်စီနဲ့ ဖြစ်နေပါရောလား။ ဒါနဲ့ ချီတာကျားသစ်တွေရဲ့ အမြန်နှုန်းမျိုးနဲ့ ရေအမြန်ချိုးပြီး တွေ့တဲ့ပေါင်မုန့်နှစ်ချပ်ဆွဲထွက်လာခဲ့ရသဗျ။ ဒီနေရာမှာ ကြားဖူးတဲ့ စကားပုံတစ်ခု ဖောက်သည်ချရမယ်ဆိုရင် "မနက်စာကို တစ်ယောက်တည်းစားပါ၊ နေ့လည်စာကို မိတ်ဆွေတွေနဲ့စားပါ၊ ညစာကို ရန်သူသို့ ပေးလိုက်ပါ" တဲ့။ ကျွန်တော်ကတော့ ညစာကို ရန်သူအတွက်ပါ စားပစ်လေ့ရှိတယ်ဗျာ၊ ကဲ မှတ်ကရော။
ကဲ... မ၀ါဝါရေ၊ ကျွန်တော်က စာသိပ်မရေးတက်လို့ ဒီလောက်နဲ့ ကျေနပ်ပေးပါဗျာ။ ကျွန်တော့် Blog ကိုလာရောက် လည်ပတ်သူတွေကို အထူးတောင်းပန်ချင်တာက ကျွန်တော့် Blog အသစ်လေးရဲ့ အားနည်းချက်တွေကို သည်းခံဖတ်ရှုပေးဖို့ပါ ခင်ဗျ။ အားနည်းချက်တွေကို ဝေဖန်အကြံပေးကြပါဦးဗျာ။

3 comments:

WWKM said...

ရေးပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရဲကြီး
အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေ။

ခင်တဲ့
မ၀ါ

သက်တန့် said...

ဟိုက်ရှလဘား...
မနက် ၅နာရီဆို အိပ်ရာက နိုးပြီဆိုပါလား...
မောင်လေးရဲကြီးက တယ်ဟုတ်လားဟ... :)

ဇင်ယော် said...

Early Birdကြီးရေ ကျနော်ကတော့ ရှိသမျှအစားအစာကို ကျနော့်တစ်ယောက်တည်းပဲ အားရပါးရ စားတတ်ပါတယ်။ ကြုံရင် မိတ်ဆွေတွေနဲ့ လည်း စားတတ်ပါတယ်။ ( မှတ်ချက် ကျွေးမွေးချင်သပ ဆိုရင်လည်း ခေါ်နိုင်ပါတယ်။ ) အဲ ရန်သူအတွက် ကတော့ စားပြီးသား အကျွင်းအကျန်လေးတွေစုပြီး ချန်ထားပေးတတ်ပါတယ်ဗျာ။ ငှဲငှဲ လမ်းကြုံရင်လည်း ကျနော့်ဆီမှာ ၀င်စားနိုင်ပါတယ်။ ပေါင်မုန့် တွေ အများကြီး ကျွေးမယ်။ ဟဲ ဇင်ယော်ဆိုတော့ ပေါင်မုန့်  ပေါတယ်လေ။