Monday, November 3, 2008

မသေခင်ဘာလုပ်ကြမလဲ(၁)

အောက်တိုဘာလက Blogger အများစု ချစ်ခင်လေးစားရတဲ့ မ၀ါဝါခိုင်မင်းရဲ. မွေးနေ.ကျရောက်ပါတယ်။ ဒီတော့မှ ကျွန်တော်လည်း ကျွန်တော့်မွေးနေ.ကို သတိရပါတော့တယ်။ နိုဝင်ဘာ(၂၀)ဆိုရင် ကျွန်တော်လည်း အသက်၂၃နှစ်တိတိ ပြည့်ပြီဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ပျဉ်းမျှအားဖြင့် ရက်ပေါင်း(၂၀၀၀၀) အသက်ရှင်နေရမယ်ဆိုရင် ကျွန်တော် မောင်ရဲကြီးတစ်ယောက် လူ့ဘ၀ဆိုတဲ့ ဇာတ်ခုံကြီးပေါ်မှာ အချိန်အတော်ကြာ ပါဝင်တင်ဆက်ပြီးပါပြီ။ မြတ်စွာဘုရားရှင် မိန့်ကြားတော်မူခဲ့သလို ဇာတိ၊ ဇရာ၊ မရဏဆိုတာ နေထွက်ချိန် နေ၀င်ချိန် လိုပါ၊ အခု လူ့ဘ၀ကို ရောက်လာပြီး မကြာလှတဲ့ အချိန်အတွင်းမှာ ပြန်လည်ထွက်ခွာရမှာ ဖြစ်ပါတယ်။ ရွှေမင်းဝံ ဆရာတော်ဘုရားကြီး ရေးစပ်တော်မူတဲ့ 'သေလျှင်ခြောက်ချက်' ဆိုတဲ့ လင်္ကာလေးကလည်း ကျွန်တော်တို့ကို အောက်ပါအတိုင်း သတိပေးထားပါတယ်။

၁။ အစားအသောက် မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီးသတ် ငတ်၍ သေပါလိမ့်မည်။
၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎။ စကားပြောမည်မျှကောင်းသည် ဆိုစေကာမူ အ၍ သေပါလိမ့်မည်။
၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက်ချစ်ခင်သူ မည်မျှများသည် ဆိုစေကာမူ အမုန်းခံ၍ သေရပါလိမ့်မည်။

ဘ၀နေ၀င်ချိန် ရောက်ရှိလာသောအခါ မြင့်မြတ်သောတရားမှလွဲ၍ မည်သည့်အရာကမျှမိမိအား ကူညီနိုင်လိမ့်မည် မဟုတ်ပါ။ လူအများနေထိုင်သည့်အတိုင်း မေ့မေ့လျော့လျော့ နေထိုင်မိခဲ့လျှင် နောင်တကြီးစွာ ရရှိရပေလိမ့်မည်။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏ အောက်ပါ ဩ၀ါဒလင်္ကာလေးကို ဆင်ခြင်ကြည့်ပါ။

အိုရမည့်ဘေးမရောက်သေး မျှော်တွေးဆင်ခြင်ပါ၊
မအိုသေးခင်တရားဝင် အဆင်ပြေလှသည်၊
အိုသောအခါတွင်တရားဝင် အဆင်မပြေပြီ၊
အိုသောခါမှတရားမရ မှားကြပါလိမ့်မည်။

လူတစ်ယောက်ဖြစ်ဖို့ ခဲယဉ်းလှပါသည်။ လူဖြစ်လျှင်လည်း အသက်ရှင်ဖို့ ခဲယဉ်းပါသည်။ ဗုဒ္ဓသာသနာနှင့် ကြုံတွေ့ရဖို့ သာ၍ပင် ခဲယဉ်းလှပါသည်။ ယခု ထိုအရာအားလုံး ပြည့်စုံနေသည့်အချိန် ဖြစ်နေပါသည်။ ဤအချိန်တွင် အမြတ်ဆုံးပန်းတိုင်သို့ ရောက်ရှိသင့်လှပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားရပါဦးမည်။

8 comments:

thihanyein said...

ညီရေ အကိုက ပြည့်ပြီးသွားပြီ
ရေးထားတာလေးကောင်းတယ်ကွာ မျှဝေပေးတာကျေးဇူးတင်တယ်ညီလေးရ
အဲဒီစာလေးတွေကို အကို့စာအုပ်ထဲရေးမှတ်ထားလိုက်ပြီဗျာ
ရွှင်လန်းချမ်းမြေ့ပါစေ

WWKM said...

ကျမ၏ နာမည်မှာ ၀ါဝါခိုင်မင်းဖြစ်ပါတယ်ရှင်။း)

မသေခင် ပျော်ပျော်ရွှင်ရွှင်နေ ၊ ကုသိုလ်တွေ အများကြီး
လုပ်ပေါ့ မောင်လေးရဲကြီး ရေ။

RePublic said...

ဆင်ခြင်ရမယ့် စိတ်လေးဝင်သွားတယ်ဗျာ ၊၊ ကျေးဇူးပါ

မသက်ဇင် said...

ကိုရဲရေ---
၁။ အစားအသောက် မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီးသတ် ငတ်၍ သေပါလိမ့်မည်။
၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎။ စကားပြောမည်မျှကောင်းသည် ဆိုစေကာမူ အ၍ သေပါလိမ့်မည်။
၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက်ချစ်ခင်သူ မည်မျှများသည် ဆိုစေကာမူ အမုန်းခံ၍ သေရပါလိမ့်မည်။

သတိသံဝေဂ ရစရာတွေချည်းပါပဲလေ--
မျှဝေပေးသည့်အတွက်ကျေးဇူးတင်ပါတယ်--

ဇင်ယော် said...

အစ်ကိုကတော့ ဟိုလှည့်ဒီလှည့်နဲ့  သတိရလို့  လှမ်းကြည့်တော့ ခရီးက တ၀က်ကျိုးနေပြီ။ စာလေးဖတ်ပြီး သတိပေးလိုက်သလိုပါပဲ။ ခုလို သတိထားဖြစ်အောင် ဝေမျှပေးတာကို ကျေးဇူးပါဗျာ။

Dr Phyo Wai Kyaw said...

ဟောဗျာ
သံဝေဂရစရာကောင်းလိုက်တာ

။ အစားအသောက် မည်မျှစားနိုင်သည်ဆိုစေကာမူ အပြီးသတ် ငတ်၍ သေပါလိမ့်မည်။
၂။ ပစ္စည်းဥစ္စာမည်မျှ ချမ်းသာသည်ဆိုစေကာမူ မွဲ၍ သေပါလိမ့်မည်။
၃။ ဆဒ္ဒန်ဆင်မင်း ခွန်အားမည်မျှကောင်းသည် ဆိုစေကာမူ အားကုန်၍ သေပါလိမ့်မည်။
၎။ စကားပြောမည်မျှကောင်းသည် ဆိုစေကာမူ အ၍ သေပါလိမ့်မည်။
၅။ နတ်မမီ လူမမျှ လှပသည်ဆိုစေကာမူ အရုပ်ဆိုး၍ သေပါလိမ့်မည်။
၆။ စုံမက်ချစ်ခင်သူ မည်မျှများသည် ဆိုစေကာမူ အမုန်းခံ၍ သေရပါလိမ့်မည်။

အင်း သံဝေဂ ရဖို့ကောင်းပါတယ်။
အဆင်ပြေချမ်းမြေ့ပါစေခင်ဗျာ။

ဂျူနို said...

စုန်ရေဆန်ရေ လာဖတ်ပေးတဲ့အတွက်ကော ကော့မန့် ထားခဲ့တာကော ကျေးဇူးတင်ပါတယ်။ ကော့မန်ံလေးတွေက စာဖတ်သူရဲ့ သဘောထားတွေမို့ အလင်းစေတမန်လို လိမ္မာယဉ်ကျေး ဘာသာတရားသိမှတ်တဲ့သူရဲ့  စာနာသနားတတ်တဲ့ထင်မြင်ချက်ကို တန်ဖိုးထားပါတယ်။

စာလာဖတ်သွားပါတယ်။ မှန်လိုက်လေ။
မသေခင်လည်း မဟုတ်တာလုပ်ထားတဲ့သူတွေ ၀ဋ်လည် တတ်သေးတယ်။ ခုခေတ်က အင်တာနက်ခေတ်မို့ လားတော့မသိပါဘူး။ ၀ဋ်လည်တာလည်းမြန်တယ်။

သူများတွေကို အလင်းပေးတဲ့ အလင်းစေတမန် ဘ၀တသက်လုံး အမှောင်အမိုက်ကင်းဝေးနေထိုင်နိုင်ပါစေလို့ ။
အယ်ဇီ

တားမြစ် ထားသော... said...

မွေးနေ့ရောက်တော့မှာပဲ။ ပျော်ရွှင်စွာ ဘဝခရီးကို ဆက်လက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုသဗျ။

ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ရဲကြီးဆိုတာရှိတယ်။ နံမည်တူနေတော့ ရွယ်တူထင်တာ ခုမှ ၂၃ဆိုတော့ အားကျပါတယ်။ ကျွန်တော်အဲဒီအရွယ်က ဒီလောက်မတိုးတက်သေးဘူး။ ရောင်ဝါးပဲ။ ခုလိုနောက်လူငယ်တွေ တိုးတက်တာတွေ့ရင် အားရတယ်။ ဘာသာရေးရဲ့ အဆုံးအမကို သေချာလေ့လာတတ်သူဆိုတော့ လေးစားနေမိပါတယ်။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)