Saturday, November 15, 2008

ဗုဒ္ဓဘာသာဆိုင်ရာအမေးအဖြေများ(၁)

မေး။ ဗုဒ္ဓဘာသာသည် အလွန်ကောင်းပါလျက် ဗုဒ္ဓဘာသာဝင်များနေထိုင်သည့် အချို့သောနိုင်ငံများသည် အဘယ်ကြောင့် ဆင်းရဲကြပါသနည်း။

ဖြေ။ ဆင်းရဲခြင်းဆိုသည်မှာ စီးပွားရေးအရ ဆင်းရဲချို.တဲ့ခြင်းကို ရည်ညွှန်းသည်ဆိုပါလျှင် အချို့သောဗုဒ္ဓဘာသာနိုင်ငံများသည် ဆင်းရဲကြသည် ဆိုသည်မှာ မှန်ကန်ပါသည်။ သို.သော် ဆင်းရဲခြင်းဆိုသည်မှာ ဘ၀အရည်အသွေး နိမ့်ကျခြင်း ဖြစ်သည်ဟု ရည်ညွှန်းခဲ့လျှင် အချို.သော ဗုဒ္ဓဘာသာနိုင်ငံများသည် အလွန်.အလွန်အေးငြိမ်း၊ ချမ်းသာကြသည်ကို တွေ.နိုင်ပါသည်။ နမူနာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးအရ ကြွယ်ဝချမ်းသာပြီး အင်အားကြီးမားသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို.သော် လူသတ်မှုနှုန်းထားမှာ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးသော နိုင်ငံများတွင် တစ်ခုအပါအ၀င် ဖြစ်နေပါလေသည်။ သန်းပေါင်းများစွာသော သက်ကြီးရွယ်အို၊ အဘိုးအဘွား၊ အမိအဖတို့မှာ သားသမီးမြေးမြစ်များက ပြန်လည်စောင့်ရှောက်ခြင်း မပြုဘဲ ပစ်ပယ်ထားကြသဖြင့် လူအိုရုံများတွင် အထီးကျန်ဘ၀နှင့်နေရင်း သေကြရပါသည်။ အကြမ်းဖက်မှုများနှင့် ကလေးသူငယ်၊ လူမမည်များအား နှိပ်စက်ညှင်းပန်းမှုတို.သည် အဓိက ပြဿနာကြီးများပင် ဖြစ်နေပါသည်။ အိမ်ထောင်သုံးခုတွင် တစ်ခုမှာ ကွာရှင်းပြတ်စဲခြင်းဖြင့် အဆုံးသတ်နေပါသည်။ ညစ်ညမ်းသော စာပေများ၊ မဖွယ်မရာ ပုံများမှာ လွယ်လွယ်ကူကူရနိုင်၊ မြင်တွေ.နိုင်ပါသည်။ ပစ္စည်း၊ ငွေကြေးအားဖြင့် ကြွယ်ဝချမ်းသာသော်လည်း ဘ၀အရည်အသွေးအားဖြင့် ဆင်းရဲနိမ့်ကျလှပါသည်။ မြန်မာနိုင်ငံကိုနမူနာ ယူကြည့်ပါ။ စီးပွားရေးအားဖြင့် နောက်ကျသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လူကြီးမိဘများအား သူတို.၏ သားသမီးများ၊ လူငယ်များက ဂုဏ်ပြုလေးစားကြသည်။ လူသတ်မှုနှုန်းမှာလည်း အလွန်နိမ့်ကျပါသည်။ လင်မယား ကွာရှင်းပြတ်စဲခြင်း၊ မိမိကိုယ်ကို သတ်သေခြင်းစသည်တို့မှာ မကြားရလောက်အောင် နည်းပါးလှပါသည်။ အကြမ်းဖက်မှုများ၊ ကလေးသူငယ်များအား ညှင်းပန်းနှိပ်စက်မှုများလည်း မကြားရပါ။ ညစ်ညမ်းသောစာပေ၊ မဖွယ်မရာ ရုပ်ပုံများ၊ လိင်မှုရေးရာ အပျော်ခန်းလိုင်စင် စသည်တို့မှာ ရှိပင်မရှိပါ။ စီးပွားရေးအားဖြင့် နောက်ကျသည်မှန်သော်လည်း ဘ၀ အရည်အသွေးအားဖြင့် ပြောလျှင် အမေရိကန်နိုင်ငံထက်ပင် သာလွန်သည်ဟု ပြောနိုင်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံများကို စီးပွားရေးမှတ်ကျောက် တစ်ခုတည်းပေါ်မှာပင် တင်ကြည့်လိုသည်ဆိုလျှင် ဂျပန်နိုင်ငံကို ဖော်ညွှန်းပြရပါလိမ့်မည်။ ဂျပန်လူဦးရေ၏ ၉၃ ရာနှုန်းသည် မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်ဟု သတ်မှတ်ပြောဆိုကြပါသည်။ ထို ဂျပန်နိုင်ငံသည် စီးပွားရေးအားဖြင့် ပြောရလျှင် ကမ္ဘာပေါ်တွင် အတိုးတက်ဆုံး၊ အချမ်းသာဆုံး၊ အကြွယ်ဝဆုံးနှင့် အတက်ကြွဆုံးသော နိုင်ငံများတွင် တစ်နိုင်ငံဖြစ်ပါသည်။

မေး။ ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုပြီးဖြစ်၍ သူ.အနေဖြင့် လူသားများအား မည်ကဲ့သို. အကျိုးပြုနိုင်၊ ကူညီနိုင်ပါ့မလဲ။

ဖြေ။ လျှပ်စစ်ဓာတ်အားကို ရှာဖွေတွေ.ရှိခဲ့သူ ဖာရာဒေးသည် ကွန်လွန်ခဲ့ပြီး ဖြစ်ပါသည်။ သို.သော် သူ၏ ရှာဖွေတွေ.ရှိမှုသည် ယနေ.တိုင်အောင် လူသားများအတွက် အကျိုးပြုနေဆဲပင် ဖြစ်ပါသည်။ ရောဂါတော်တော်များများအတွက် ကုထုံးကို ရှာဖွေတွေ.ရှိခဲ့သူ လူးဝစ်(စ်)ပါစတာသည် ကွယ်လွန်ခဲ့ပြီးဖြစ်ပါသည်။ သို.သော် သူ၏ ရှာဖွေတွေ.ရှိချက်များသည် ယနေ.တိုင်အောင် လူသားများ၏ အသက်ပေါင်းများစွာကို ကယ်တင်ပေးနေဆဲပင် ဖြစ်ပါသည်။ ဂန္တ၀င်မြောက် ပန်းချီ အနုပညာလက်ရာများကို ဖန်တီးပေးခဲ့သူ လီယိုနာဒိုဗင်စီ သည်လည်း ကွယ်လွန်ခဲ့ပြီးဖြစ်ပါသည်။ သို.သော် သူ၏ လက်ရာများသည် ယနေ.တိုင် ရှုမြင်ရသူများ၏ စိတ်နှလုံးကို တက်ကြွစေပြီး ချမ်းမြေ့ပျော်ရွှင်မှုကို ပေးဆောင်နိုင်စွမ်းရှိဆဲပင် ဖြစ်ပါသည်။
မြင့်မြတ်သော ပုဂ္ဂိုလ်ထူးများနှင့် အာဇာနည် သူရဲကောင်းကြီးများသည်လည်း ရာစုနှစ်ပေါင်းများစွာကပင် ကွန်လွန်ခဲ့ကြပြီး ဖြစ်ပါသည်။ သို.သော် သူတို.၏ လုပ်ရပ်များနှင့် ဆောင်ရွက်ချက်များကို ဖတ်ရှုလေ့လာရသောအခါတွင် သူတို.ကဲ့သို့ပင် ကိုယ်တိုင် ပြုလုပ်ဆောင်ရွက်လိုသောစိတ်များ တဖွားဖွား ပေါ်ပေါက်နေဆဲပင် ဖြစ်ပါသည်။ ဗုဒ္ဓသည် ပရိနိဗ္ဗာန်ပြုခဲ့သည်မှာ မှန်ပါသည်။ သို.သော် ဖြတ်သန်းခဲ့ပြီးသော နှစ်ပေါင်း ၂၅၀၀ အထိ ဗုဒ္ဓ၏အဆုံးအမတို.သည်လူသားများအား အကျိုးပြုနေခဲ့ပါသည်။ အကျိုးပြုနေဆဲပင် ဖြစ်ပါသည်။ ဗုဒ္ဓ၏ စံနမူနာသည် လူသားများအား လှုံ.ဆော်အားအပြည့်ဖြင့် တွန်းအားပေးနေဆဲပင် ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆိုအမိန်.စကားများသည် လူသားများ၏ ဘ၀ကို ကောင်းအောင် ပြုပြင်ပြောင်းလဲပေးနေဆဲပင် ဖြစ်ပါသည်။ ကွယ်လွန်ပြီးနောက် ရာစုနှစ်ပေါင်း ရှည်ကြာများပြားစွာ လူသားများ အကျိုးကို ပြုနိုင်သော အစွမ်းသတ္တိမှာ ဗုဒ္ဓမှာသာလျှင် ရှိပါသည်။
(မှတ်ချက်။ ဩစတြေးလျလူမျိုး ထေရ၀ါဒ၊ ဗုဒ္ဓရဟန်းတော် V.S Dhammika ၏ ဖြေကြားချက်များကို ဆရာကြီးဒေါက်တာသိန်းလွင် ဘာသာပြန်ထားပါသည်။)

11 comments:

thihanyein said...

ဘာသာပြန်တွေကိုဖတ်ရတာ အရသာရှိတယ်ဗျာ
များများရေးနိုင်ပါစေ သယ်ရင်းရေ
အားပေးတယ်ဗျာ

သီဟညိမ်း

မသက်ဇင် said...

"ဗုဒ္ဓဘာသာဆိုင်ရာအမေးအဖြေများ(၁)"
ဝေငှပေးတာကျေးဇူးပါ--အလင်းစေတမန်ရေ---
တော်တော်လေးတန်ဘိုးရှိပါတယ်---
ဖတ်ပါတယ်---မှတ်ပါတယ်--
တခုတော့ရှိတာပေါ့--အခြားနိုင်ငံသားတွေ
ဥပမာ--ဂျပန်နိုင်ငံကဘာကြောင့် ချမ်းသာသလဲ---သူတို့--
ဒုတိယကမ္ဘာစစ်မှာစစ် ရှုံး ခဲ့တယ်-----
ဂျပန်ပြည်သူလူထုဟာ--ငါတို့အလုပ်ကြိုးစားမှရမယ်ဆိုတဲ့ အသိစိတ်ဓါတ်
သူတို့မှာ ရှိကြတယ်--သူတို့ကြိုးစားတယ်---
တဟုန်ထိုးတိုးတက်သွားတယ်---
စံနမူနာတွေပါ--ဒါတွေကို--ခေတ်ပညာတတ်
တွေဖြစ်တဲ့-အလင်းစေတမန်တို့လို-လူငယ်တွေက--မြန်မာလူထုကို ပညာပေးနိုင်ရမယ်လေ--လက်လှမ်းမီသလောက်ဖြန့်ဖြူးနိုင်ရမယ်--
ဒါလည်း--ကုသိုလ်ရတာပဲပေါ့--

Apprenticeship said...

ဘာသာတရားကို တကယ်ကျင့်သုံးတဲ့လူနဲ့ အမည်ခံတွေရှိတယ်..... အားလုံးဟာ သာသနာမှာမွေ့လျှော်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ မရှိတော့ဘူးပေါ့။
အမေရိကမှာ လွတ်လပ်စွာတွေးခေါ်မှုကို အားပေးထားတော့ ဘုရားမဲ့ဝါဒီတွေ အများကြီးဗျ.. ပြီးတော့ လူများတော့ပြသနာများတယ်လေ.. အမေရိကကကြွယ်ဝချမ်းသာတယ်ဆိုရင်လဲ အားလုံးမဟုတ်ဘူး...။
Capitalism ရဲ့ဆိုးကျိုးတွေပေါ့။ ဆင်းရဲချမ်သာဆိုတာ နိုင်ငံတိုင်းမှာ ရှိနေပါတယ်။
ဘာသာတိုင်းက ငြိမ်းချမ်းခြင်းကို ရှေးရှုတာပဲပေါ့... အားပေးလျက်ပါ...။

WWKM said...

မောင်လေးရဲဂျီး ရေ..
ပို့စ်လေးက ဖတ်လို့ကောင်းလိုက်တာ.
စိတ်ဝင်တစားဖတ်သွားပါတယ်။

ဟုတ်တယ်မောင်လေးရေ..အမ မသက်ဇင်ပြောသလိုပါပဲ. ဂျပန်တွေဟာ ငါတို့အလုပ်ကြိုး
စားကြမယ်ဆိုတဲ့ စိတ်ဓါတ်ကတကယ်စွဲနေကြပြီလေ.
အတုယူစရာတကယ်ကောင်းသလိုပဲ. စက်ရုပ်တွေလို
လှုတ်ရှားရုန်းကန်နေကြတဲ့ သူတို့တွေကိုကြည့်ပြီး
အမ ကတော့ အားမကျနိုင်ဘူးဖြစ်နေတယ်လေ။
သူတို့တွေလိုကြိုးစားနိုင်ရင် အမတို့ မြန်မာတွေလည်း
သူဌေးတွေဖြစ်ကြမှာပါပဲ။ လုပ်ဖို့ အခွင့်အရေးတွေပါ ရ
ခဲ့ရင်ပေါ့မောင်လေးရယ်။ ဒီမှာကလေ အလုပ်တွေက
အရမ်းကိုပေါတာပါ။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလို
သူဌေးဖြစ်နိုင်တာပါ. အမ ကတော့ မလုပ်နိုင်ပါဘူး။
တစ်နေ့ ၃နာရီလောက်လုပ်တာနဲ့ ပင်ပန်းနေပြီ။stress
အရမ်းများတယ်။ သူတို့တွေက တကယ် အားကျစရာကောင်းအောင်လုပ်နိုင်ကြတာလေ။
အဲဒါကြောင့် ဂျပန်နိုင်ငံ က အရမ်းတိုးတက်တာပေါ့ကွယ်

နောက်ပြီး မောင်လေးရေးပြလို့ ဂျပန်မှာဗုဒ္ဒ္ဓဘာသာ
ကိုယ်ကွယ်သူက ၉၅ ရာခိုင်နှုန်လောက်ရှိတယ်လို့သိ
ရပေမယ့် အမတွေ့ရတဲ့ တော်တော်များများကတော့
ဘာ ဘာသာမှ မရှိကြတာကွဲ့..အမလည်းတွေ့ရင်
မေးတတ်တယ်လေ "နန်းနီဂရှင်ဂျိမတ်စ်က "လို့ (ဘာဘာ
သာကို ကိုယ်ကွယ်ပါသလဲလို့) အယောက်၂၀လောက်ကို
မေးမိပေမယ့် ဘာ ဘာသာမှ မကိုးကွယ်ကြပါဘူးတဲ့လေ
။ဒါပေမယ့်သူတို့ က အမ က မြန်မာပြည်ကဆိုတော့
ဗုဒ္ဓဘာသာကို ကိုယ်ကွယ်မှန်းတော့ သိကြတယ်လေ။
အမတို့ ကမာကူရဘုရားကို ကိုယ်ကွယ်တာ တချို့အဘိုး
ကြီးတွေက ရယ်တတ်သေးတယ်သိလား.

ကဲ..ရေးရင်းနဲ့ အရှည်ကြီးဖြစ်သွားပြီ. လိုရာမရောက်
တတ်တော့ဘူးထင်ပါရဲ့။
အမအဓိကပြောချင်တာက ...သူတို့ဟာ အသိစိတ်ဓါတ်
ရှိကြပြီးကြိုးစားကြတဲ့ အတွက် အရမ်းချမ်းသာကြပေ
မယ့် သူတို့မှာ ဘာသာရေးကိုယ်ကွယ်မှုသိတ်မရှိကြတဲ့
အတွက် စိတ်ဖိစီးမှူတွေအရမ်းများပြီး သတ်သေကြတာ
တွေ အရမ်းများကြတယ်လေ။
အမတို့နိုင်ငံကျတော့ စိတ်ဖိစီးမှုတွေသိတ်မခံစားရဘူး။
၊နောက်ပြီးဘာသာရေးကိုးကွယ်သူတွေမို့ ကံကိုလဲကြောက်ကြတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေ
ကြတာ မရှိသလောက်ပါပဲ။
သူတို့ဆီက အလွန်အတုယူဘို့ကောင်းတာလေးက
ကြိုးစာမှူပေါ့နော်။နောက်ပြီးတော့ စိတ်ထဲကပါပါ မပါပါ
သိတဲ့သူအချင်းချင်းတွေ့ကြရင် "အိုဟရောဂိုဇိုင်းမတ်စ်"၊
"ခွန်နိချိဝ" ဆိုပြီးဖော်ဖော်ရွေရွေနှုတ်ဆက်တတ်ကြသေး
တယ်လေ။

မောင်လေးရဲ့ ပို့လေးအတွက်ကျေးဇူးပါမောင်လေးရေ.
အမကွန်မန့်ရေးတာ အရမ်းရှည်သွားပြီ. အဆင်ပြေရဲ့
လားမသိ. စိတ်ကူးရလို့ ရေးလိုက်တာနော်.

ခင်တဲ့
အမ၀ါ

စိုင်းစိုင်းလားရှိုး said...

ရဲကြီးရေ ဖတ်ရတာ အနှစ်သာရ ရှိလှပါတယ်။ ကောင်းမွန်လှတဲ့ စာမျက်နှာလေးတွေပါ။ အမြဲလာဖတ်ပါ့မယ်။

ပျံသန်းခြင်းရပ်ဝန်း said...

အင်မတန်ကိုပဲနှစ်ထောင်းအားရရှိပြီး..
ဖတ်ရသူအဖို့..ကိုယ့်ဘာသာအပေါ်ကျေနပ်ပီတိဖြစ်မိပါတယ်...

ခုလိုဝေငှပေးတာကျေးဇူးပါဗျာ...

ခင်မင်လေးစားလျက်..
နွေသူရ

Anonymous said...

ဗုဒ္ဓဘာသာဆိုင်ရာအမေးအဖြေများအပိုင်း ၁ကို
ဝေမျှပေးတာကျေးဇူးပါ

ကောင်းမွန်သောစာသားတွေဖြစ်တဲ့အတွက်
ဖတ်ရတာ အင်မတန် အကျိုးရှိပါတယ်
စာတွေများစွာဝေမျှနိုင်ပါစေ

ခင်မင်လျက်

အရုပ်ကလေး said...

ပို့စ်လေး ကောင်းတယ်
ဘာသာပြန်လေးတွေ မျှော်နေဦးမယ်

Younggun said...

ဒီပို့စ်ကိုတော့ အတော်လေးကြိုက်မိပြန်ပါတယ်။ အလကားမတ်တင်းကြီး ၀င်မြှောက်ပေးတာ မဟုတ်ပါဘူး။ ဘလော့ဂါရဲ့ စေတနာကို အထင်းသားမြင်နိုင်တဲ့ အတွက်ပါ။ ဒီလိုစာမျိုးဖတ်ရတာ အသိဥာဏ်ပညာကို တိုးသွားစေပါတယ်။ တစ်ခုဆွေးနွေးချင်တာက ဂျပန်က ဗုဒ္ဓဘာသာဟာ ထေရ၀ါဒမဟုတ်ဘဲ ဇင်နဲ့ ရှင်တိုဝါဒတွေသာ ဖြစ်နေပါတယ်။ ဇင်ကိုတော့ အနည်းအကျဉ်းလေ့လာဖူးပါတယ်။ ဇင်ကြောင့်ပဲ ဂျပန်တွေ တိုးတက်လာတယ်လို့လည်း ဖတ်ဖူးပါတယ်။ အဲဒါလေးလည်း ကြုံရင်ရေးပေးပါဦး။ အားတာနဲ့ လာဖတ်ပြီး ကွန်းမန့်လိုက်တာပါ။

Dr Phyo Wai Kyaw said...

သေချာကိုဖတ်သွားတယ်ဗျာ
ကောင်းတယ်ဗျာ။

ဝိုင်းဆွေးနွေးတာလေးတွေကော
ဘ၀ အရည်အသွေးကိုပါ
ထည့်သွင်းစဉ်းစားတာ
လေးကတော့ ဆန်းတယ်။

Quality of life ဆိုပြီး
သူတို့တွက်တဲ့ ဟာတစ်ခုတော့ ရှိတယ်ဗျ။
အဆင့်တွေ စီထားတယ်။

တန်ဖိုးရှိတဲ့ ပိုစ့်လေးအတွက် ကျေးဇူးပါနော်။

su wai said...

ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေတွေက ဘာသာရေးအသိအလင်းတွေ အများကြီးတိုးစေပါတယ် ကိုရဲရေ…။ ဗုဒ္ဓဘာသာဝင် နိုင်ငံအချို့ စီးပွားရေးနိမ့်ကျတာ မှန်ပေမယ့် ဘ၀အရည်အသွေးမှာတော့ တခြားတိုးတက်ထွန်းကားနေတဲ့ နိုင်ငံတွေအားလုံးထက် သာလွန်ပါတယ်။ ဆရာတော် ဦးဇောတိကရဲ့ စာအုပ်တွေမှာလဲ အဲဒီအကြောင်းကို ရှင်းပြထားတာ ဖတ်ဖူးပါတယ်။ ဒါဟာ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကြောင့်ပါ။
တန်ဖိုးရှိတဲ့ ပို့စ်လေးတွေ တင်ပေးတဲ့ စေတနာကို လေးစားပါတယ်။ စာတွေလဲ ထပ်ပြီး လာဖတ်ပါဦးမယ်။