Saturday, December 6, 2008

မသေခင်ဘာလုပ်ကြမလဲ(၂)

ကျွန်တော်မောင်ရဲကြီး တစ်ယောက် မသေခင်ဘာလုပ်ကြမလဲ(၁) ရေးပြီးတဲ့နောက် အားရကျေနပ်ခြင်း မရှိသေးတဲ့အတွက် အပိုင်း(၂)ကို ဆက်လက်ရေးရပြန်ပါတယ် ခင်ဗျ။ အင်္ဂုတ္ထိုရ်ပါဠိတော်မှာ သမဏဖြစ်စေ၊ ဗြဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ တောင့်တ၍ မရကောင်းတဲ့အရာ ငါးမျိုးရှိတယ်လို. ဆိုပါတယ်ခင်ဗျ။ ဘယ်ငါးမျိုးလဲ ဆိုတော.ဗျာ-

၁။ မအိုပါစေနှင့်ဟု တောင့်တ၍မရ။
၂။ မနာပါစေနှင့်ဟု တောင့်တ၍မရ။
၃။ မသေပါစေနှင့်ဟု တောင့်တ၍မရ။
၎။ မကုန်ဆုံးပါစေနှင့်ဟု တောင့်တ၍မရ။
၅။ မပျက်စီးပါစေနှင့်ဟု တောင့်တ၍မရ တဲ့ဗျ။

ဒီတော့ဗျာ မိတ်ဆွေတို.ရော ကျွန်တော်ရော အိုခြင်းတရား နာခြင်းတရားတွေ မလွဲမသွေကြုံတွေ.ကြရမှာပါ။ ကိုယ်သေရမှာ၊ နာရမှာကို မသိနိုင် မမြင်နိုင်ဖြစ်နေတာဟာ မောဟကြောင့်ပါ။ မအားသေးတာကို အကြောင်းပြပြီး တရားအားထုတ်ဖို. ပျင်းနေကြမယ် ဆိုရင်တော့ သေခြင်းတရားက ကိုယ်မအားသေးတာ မစောင့်ပါဘူးလို. ပြောချင်ပါတယ်ခင်ဗျ။ အောင်ဆန်းတပ်ဦးဆရာတော် မိန်.ကြားတော်မူသလို ကနေ.သေတဲ့ မသာတွေ အားလို.သေတာ တစ်ယောက်မျှ မရှိပါဘူးခင်ဗျ။ တကယ်တော့ တရားအားထုတ်တယ်ဆိုတာကလည်း အချိန်သီးသန်.ပေးဖို. မလိုပါဘူးဗျ။ နေ.စဉ် ပုံမှန်လုပ်ငန်းစဉ်တွေကို သတိတရားလေးနဲ. နေထိုင်တက်မယ်ဆိုရင် လောကီ၊ လောကုတ္တရာ နှစ်မျိုးလုံးအတွက် အကျိုးကျေးဇူးရှိမယ်ဆိုတာ အသေအချာ ပြောဝံ့ပါတယ်ခင်ဗျ။ မြတ်စွာဘုရားရှင်က ဘေးကြီးငါးမျိုးဆိုက်ရောက်လာရင် တရားအားထုတ်လို. မရတော့ပါဘူးလို. သတိပေးတော်မူ ခဲ့ပါသေးတယ်ခင်ဗျ။ ဘယ်ငါးမျိုးလဲဆိုတော့-

၁။ အသက်အရွယ်ကြီးရင့် အိုမင်းလာတဲ့ဘေး။
၂။ မကျန်းမမာ ဖြစ်လာရတဲ့ဘေး။
၃။ အစားအသောက် ရှားပါးရတဲ့ဘေး။
၎။ တိုင်းပြည်မငြိမ်းချမ်း သူပုန်ထတဲ့ဘေး။
၅။ သံဃာကွဲပြား လာတဲ့ဘေး တို.ဖြစ်ပါတယ်။

ယခုဆိုရင် အနောက်နိုင်ငံသားအချို. ၀ိပဿနာ၏ အကျိုးကျေးဇူးကို သိရှိလာကြပြီး မြန်မာနိုင်ငံသို.ပင် လာ၍ ကျင့်ကြံအားထုတ် နေကြချိန်မှာ ကျွန်တော်တို. ဗုဒ္ဓဘာာဝင် အများစုက သတိလက်လွတ် ငှတ်တောင်ကျွတ်နေထိုင်နေကြပါတယ်ဗျ။ ဒါကြောင့် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ. လင်္ကာလေးနဲ. နိဂုံးချုပ်ပါရစေ ခင်ဗျ။

"မကွေ.မထောင့် လမ်းဖြောင့်တရား
တွေ.ပါသားနှင့် အများရူးတိုင်း
နင်မရူးနှင့်၊ ထူးသည့်အခါ၊
ဝိပဿနာကို၊ ခါခါပွားမှ၊
သွားမည့်သံသရာ၊ အစဉ်ပါမည်
နင်သာသတိထား"
ခင်မင်လေးစားရတဲ့ Blogger အပေါင်း ဗုဒ္ဓခေတ်မြတ် တွေ.ရကျိုးနပ်ကြပါစေဗျာ။

11 comments:

WWKM said...

တကယ်တော့ တရားအားထုတ်တယ်ဆိုတာကလည်း အချိန်သီးသန်.ပေးဖို. မလိုပါဘူးဗျ။ နေ.စဉ် ပုံမှန်လုပ်ငန်းစဉ်တွေကို သတိတရားလေးနဲ. နေထိုင်တက်မယ်ဆိုရင် လောကီ၊ လောကုတ္တရာ နှစ်မျိုးလုံးအတွက် အကျိုးကျေးဇူးရှိမယ်ဆိုတာ အသေအချာ ပြောဝံ့ပါတယ်ခင်ဗျ။

ကျေးဇူးပါ မောင်ရဲကြီးရေ..
မောင်လေးရဲ့စာတွေကို စာဖတ်ဖြစ်တိုင်း အကျိုးရှိပါ
တယ်။

Sister

Dr Phyo Wai Kyaw said...

တိုက်ဆိုင်ပါတယ်
သာဓုသာဓုသာဓု

Anonymous said...

အင်း ကောင်းလိုက်တာ သယ်ရင်းရာ...
မှတ်သားစရာရှိသည်များ မှတ်သားသွားပါသည်ခင်ဗျာ...
ဝေမျှပေးတာကျေးဇူးသယ်ရင်းရေ...

ဟန်လင်းထွန်း said...

မှတ်သားသွားတယ်ဗျာ ကျေးဇူး

သစ်နက်ဆူး said...

ကျေးဇူးအထူးတင်ပါတယ်ဗျာ...
အခုလိုသတိပေးဖြန့် ဝေတဲ့ အကျိုးကိုခံစားရပြီး အသိဥာဏ်တွေ ပိုမိုပွင့်လင်းပါစေလို့ ဆန္ဒပြုပါတယ်...

Anonymous said...

အခုလို ဓမ္မ အကြောင်း ရေး တဲ့ ကိုရဲ ကြီးကို
အမြဲ လေးစားနေမှာပါ ခင်ဗျာ

ညီလေး
ရှင်းသန့်

မြတ်သွယ် said...

အသိတစ်ခုပေးတဲ့ ပို့စ်လေးပါ
မှတ်သားသွားပါတယ် ကိုရဲကြီး
ကျေးဇူးတင်ပါတယ်

Anonymous said...

သိပ်ကောင်းတဲ့ပိုစ့်ကလေးပါလားဗျာ ... ဖတ်ရင်းနဲ့ သံဝေဂရမိသလို သတိတရားလက်ကိုင်ထားမိလို့ ကြည်နူးသဒ္ဓါ ပွားရပါတယ် .... သာဓုခေါ်ပါတယ်ကိုရဲကြီးရေ ...။
သာဓု သာဓု သာဓု ... ပါဗျာ ...။

Anonymous said...

မသေခင်တော့ မုသားတွေ လောဘတွေ ဒေါသတွေ
မပါပဲ ဘ၀ကိုရိုးသားစွာနဲ့ နေသွားချင်ပါတယ်

ဒီပို့စ်လေးကိုတင်ပေးဖို့ ကျေးဇူးပါ

ကိုစေတန် ကျန်းမာပါစေ

December Cinderella said...

ဗုဒ္ဓဘာာဝင် အများစုက သတိလက်လွတ် ငှတ်တောင်ကျွတ်နေထိုင်နေကြပါတယ်ဗျ။ ဒါကြောင့် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးရဲ. လင်္ကာလေးနဲ. နိဂုံးချုပ်ပါရစေ ခင်ဗျ။

"မကွေ.မထောင့် လမ်းဖြောင့်တရား
တွေ.ပါသားနှင့် အများရူးတိုင်း
နင်မရူးနှင့်၊ ထူးသည့်အခါ၊
ဝိပဿနာကို၊ ခါခါပွားမှ၊
သွားမည့်သံသရာ၊ အစဉ်ပါမည်
နင်သာသတိထား"

အလွန်တန်ဖိုးရှိသော လင်္ကာလေးကို ယူဆောင်ရင်း တရားမှတ်ပြီး ပြန်သွားပါတယ် ..အခုပြောတာနော် ..
နောက် သတိလက်လွတ်ပြန်ဖြစ်ဦးမှာမို့လို့ ...ထပ်သတိပေးပါဦးနော်

Anonymous said...

"မကွေ.မထောင့် လမ်းဖြောင့်တရား
တွေ.ပါသားနှင့် အများရူးတိုင်း
နင်မရူးနှင့်၊ ထူးသည့်အခါ၊
ဝိပဿနာကို၊ ခါခါပွားမှ၊
သွားမည့်သံသရာ၊ အစဉ်ပါမည်
နင်သာသတိထား"
ဒီဆောင်ပုဒ်လေးနဲ့အတူ အားလုံးသတိရှိကြပါစေ.
ကျေးဇူးဒီကို ပထမဆုံးရောက်တာပါ.