Tuesday, December 2, 2008

ကိုယ့်ကိုယ်ကိုအမုန်းဆုံး(၁၀)ချက်

ကျွန်တော့်အစ်ကိုကြီးတစ်ဦး ဖြစ်တဲ့ ကိုIdulize က Tag ထားတယ် Mail ပြန်စစ်ဆိုမှ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုအမုန်းဆုံး(၁၀)ချက် ရေးရမယ်ဆိုတာ သိရပါတော့တယ်ဗျ။ ကိုIdulize ကိုယ်တိုင်ရေးထားတာ ဖတ်ကြည့်လိုက်တော့ 'အလို' ကဗျာလေးနဲ. ရေးထားတာပါ့လား။ ကျွန်တော်လည်း ကဗျာလေးနဲ. အစ်ကိုလို ရေးချင်ပေမဲ့ ရေးလိုက်ရင် အစ်ကိုရယ်၊ မောင်သီဟညိမ်း တို.လို ကဗျာရေးနေတဲ့ Blogger တွေက ကဗျာစပ်နည်း သင်တန်းဖွင့်ပေးပါ ဆိုပြီး ပြောလာကြရင် မအားရတဲ့ကြားထဲ သူတို.ကို Lecture ရိုက်ရမှာ စိုးရိမ်တာနဲ. ကဗျာနဲ. မရေးတော့ပါဘူး။ (ကဗျာမစပ်တတ်ပေမဲ့ သိက္ခာတော့ အကျမခံဘူး) ကဲ... မကျေနပ်တဲ့ (၁၀)ချက်နဲ. ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်း ရမယ်ဆိုရင်........
(၁) တစ်စုံတစ်ခုကို စောင့်ဆိုင်းရသည်ကို စိတ်မရှည်တက်ခြင်း။
(၂) အင်္ဂလိပ်စာကို မဂ္ဂဇင်းများတွင် ပြိုင်ပွဲများ ၀င်ပြိုင်ခြင်း၊ မိမိဘာသာလေ့လာခြင်းများ ပြုလုပ်သော်လည်း ယခုအချိန်ထိ ထူးထူးခြားခြား တိုးတက်မလာခြင်း။
(၃) ကိုယ်တိုင်က ဗုဒ္ဓဘာသာအကြောင်း ရေးသားနေသော်လည်း သူငယ်ချင်းများ အပေါ်တွင် သံယောဇဉ် ကြီးလွန်းခြင်း။
(၄) မှန်တယ်ထင်ရင် တဇွတ်ထိုး လုပ်တက်ခြင်း။
(၅) ပြန်မပြော နားမထောင်နေတက်ခြင်း။
(၆) အသင့်အတင့် အမှန်အတိုင်း နှလုံးသွင်းနိုင်မှု မရှိသေးခြင်း။ (ယောနိသောမနသိကာရ မရှိသေးတာပေါ့ဗျာ)
(၇) မြတ်စွာဘုရားရှင်က အကျိုးမရှိကြောင်း တရား(၆)ပါး တွင် တစ်ယောက်တည်း ခရီးသွားခြင်းဟု ပါရှိသော်လည်း သွားလာတက်ခြင်း။
(၈) မိဘနှစ်ပါးကျေးဇူးကို ယခုထိ အနည်းငယ်မျှပင် မဆပ်နိုင်ခြင်း။
(၉) သေခြင်းတရားက မှည့်နေတဲ့ အသီးလို အချိန်မရွေးကြွေကျနိုင်တယ်ဆိုတာ သိပေမဲ့ သတိလက်လွတ် နေခြင်း။
(၁၀) Internet connection ကို ဖုန်းနှင့် ချိတ်သုံးနေရခြင်း။ (သီလမရှိတဲ့သူတွေ ဘာလုပ်လုပ် အဆင်ပြေတယ်ကို မရှိဘူး။)
ကဲ.... အစ်ကိုရေ၊ ရေးတက်သလိုရေးလိုက်ပြီဗျာ။ အမှားပါရင် ခွင့်လွတ်ပါ။

3 comments:

သက်တန့် said...

မောင်လေးရဲကြီး...
အချက်၎ - တူတယ်...
ဂွတ်တယ်ထင်ရင် ဒူးသာဒူး... :P
မြှောက်ပေးသွားတာ...
ဟဟား... :)

Anonymous said...

အိုင်ဒီယာကောင်းလေးနဲ့ တွေးတတ်ပလေတယ်ဗျာ ... :)

အရုပ်ကလေး said...

ပို့စ်လေးက မုန်းမိတာတွေ ရေးထားပေမယ့်
ဖတ်လို့ အနှစ်သာရရှိတယ်
ပြီးပြည့်စုံတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ