Saturday, December 20, 2008

ဗုဒ္ဓဘာသာအပေါ်ပညာရှင်တို.အမြင်(၇)

မည်သည့်အခါမျှ မပြောင်းလဲနိုင်သည့် စွဲမြဲသောကျင့်ဝတ်များအပေါ် အမြစ်တွယ်နေသဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပျက်ပြယ်မှုဟူသည် ယနေ.သော်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။ (ဂါထရုဂါရတ်)

နှစ်တွေ၊ ခေတ်တွေကား ကုန်ဆုံးပြောင်းလဲခဲ့ ပြီးပါပြီ။ သို.သော် ဗုဒ္ဓမြတ်စွာကား ကျွန်ုပ်တို. ၀န်းကျင်မှာ စံနေတော်မူပါ လေသည်။ ဗုဒ္ဓအသံတော်သည် ကျွန်ုပ်တို. နားထဲတွင် ကြားယောင်နေဆဲ ဖြစ်ပါသည်။ (အိန္ဒိယ၀န်ကြီးချုပ်ဟောင်းနေရူး)

ဗုဒ္ဓဘာသာအကြာင်း အနည်းငယ်ဖတ်မိခြင်းသည် ဗုဒ္ဓဘာသာဝင်များ သိသည့်အရာကို သိမြင်ရခြင်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း၂၅၀၀က ဗုဒ္ဓဘာသာဝင်များသည် စိတ်ပညာဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ထင်ထားသည်ထက် ပို၍သိကြသည်။ သူတို.သည် ရှေးကပင် ဤပြဿနာများကို လေ့လာခဲ့ကြပြီး အဖြေကိုလည်း တွေ.ရှိခဲ့ကြပေသည်။ (ဒေါက်တာဂရေဟမ်ဟိုး)

ဒဿနသဘော မပါသော ဘာသာရေးသည် ဥပါဒါန် သဘောရှိ၍ လူ.ဘ၀တိုးတက်မှုနှင့် ဗောဓိဥာဏ်၏ အန္တရာယ်ကို ဖြစ်စေပြီး၊ ဘာသာတရားသဘော မပါသော ဒဿနသည်လည်း ဘ၀အတွက် အကျိုးထူး တစ်စုံတစ်ရာကို ဖြစ်ပေါ်စေနိုင်ခြင်း မရှိပါ။ (အိန္ဒိယသူတော်စင် ရှရီအော်ရိုဗင်ဒို)

တစ်ကိုယ်ကောင်းဆန်ခြင်း၊ ငြိကပ်တွယ်တာခြင်းမှ လွတ်မြောက်သောအားဖြင့် ဂုဏ်သရေရှိမှု၊ ငြိမ်သက်တည်ကြည်မှု၊ ကရုဏာထားမှုတို.သည် အရှေ.တိုင်း ဗုဒ္ဓဘာသာ၏ မူလသင်ကြားချက်များ ဖြစ်သည်။ (အီးအေ-ဘာ့ထ်)

ဘီစီ(၆) ရာစုသည် အသိဥာဏ်နယ်ပယ်၌ ကလေးဘ၀မှ လူကြီးဘ၀သို. ကူးပြောင်းသော ရာစုနှစ်ဖြစ်သည်။ (ကမ္ဘာ့သမိုင်းပညာရှင်များ)

ဘာသာ တစ်ခုနှင့်တစ်ခု နယ်မြေလုပြီး ရက်စက်စွာ သတ်ဖြတ်ကြသော ဘာသာရေး စစ်ပွဲများ ကမ္ဘာ့သမိုင်း၌ မှတ်တမ်းတင်ရသည်မှာ အကျည်းတန်လှပါ၏။ မူလ ဘာသာရေး ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ကို ဖျက်ဆီးရုံသာမက ဘာသာရေးခေါင်းဆောင်များကို သိက္ခာချရာလည်း ရောက်၏။ ထို.ပြင် ဘာသာမဲ့ ၀ါဒီများကိုလည်း လက်ယပ်ခေါ်ရာ ရောက်၏။ အမှန်အားဖြင့် လူ.လောကအတွက် ဘာသာတရားဟူသည် မရှိမဖြစ် လိုအပ်သော သဘောကို ဆောင်ပါ၏။ (ဆရာကြီးဦးရွှေအောင်)

ဘာသာမဲ့ဟူသည်ပင် ဘာသာတရား တစ်မျိုး၏ အမည်ဖြစ်၏။ (အိန္ဒိယသမ္မတဟောင်း ဒေါက်တာ ရာမာခရစ်ရှနန်)

မြတ်စွာဘုရားမှတစ်ပါး ထိုကဲ့သို.သော မဟာဂရုဏာရှင်မျိုးကို အိပ်မက်ထဲ၌ပင် သင်တွေ.နိုင်မည်မဟုတ်။ (ဆရာကြီးဦးရွှေအောင်)

ကျွန်ုပ်တို.သည် မကြုံစဖူး စိတ်ဓာတ်ကျမှု၊ အားငယ်မှုများ ကြုံတွေ.နေကြရပါသည်။ ထိုသို. ကြုံတွေ.ခံစားနေကြရသည်မှာ ဘ၀တွင် ယုံယုံကြည်ကြည်နှင့် လက်တွေ.ကျကျ အသုံးချနိုင်သော အတွေးအခေါ် အယူအဆများ မရှိသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို.တစ်တွေသည် ရုပ်ဝတ္ထုကြွယ်ဝမှု ၀ိုင်းဝိုင်းလည်နေသည့်ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျ နေကြရပါသည်။ ရုပ်ဝတ္ထု ကြွယ်ဝသော်လည်း စိတ်ချမ်းသာမှုကင်းသော အခြေအနေတွင် စိတ်အေးချမ်းသာမှု အမှန်တကယ် ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို. သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမှုကို အမှန်တကယ် ဖြစ်စေနိုင်ပါသည်။ (ဂျွန်ဝါလ်တာ)

သကျမုနိဟူသည် လမ်းစဉ်အမှန်တရား၊ ဘ၀တို.နှင့် အမှန်တကယ် အနီးစပ်ဆုံး သင့်မြတ်လျော်ကန်သူဖြစ်ကြောင်း ပို၍ပို၍ ယုံကြည်လာရသည်။ (ဘီရှော့မီလ်မန်)

လူသားတစ်ဦးဖြစ်သော ရှင်တော်ဗုဒ္ဓသည် လူသားအားလုံး၏ အစုအဝေးဖြစ်သော လောကကြီးထဲမှာ ပွင့်တော်မူခဲ့ပြီး "သင်တို.အား အတ္တကျေးကျွန်၏ ဒုက္ခဗရပွေထဲမှ ကယ်ထုတ်ရန် ငါဘုရား ပွင့်တော်မူခဲ့သည်ဟု" ဟု မိန်.မြွတ်ခဲ့ပါသည်။ ယင်းသည် ပြိုင်ဘက်ကင်းသော ၀ိသေသတရားပင် ဖြစ်သည်။ (ရာဘင်ဒရာနတ်တဂိုး)

ဗုဒ္ဓဘာသာဟူသည် ဘ၀မှအမြင့်ဆုံးအကျိုးကို ရယူရန် အမြင့်မားဆုံး လမ်းစဉ်ဖြင့် အသက်ရှင်နေထိုင်နိုင်ရေး အတွက် အစီအမံတစ်ခုပင် ဖြစ်သည်။ အသိပညာစိုးမိုးသော အမြော်အမြင်ကြီးသည့် ဘာသာတစ်ခုဖြစ်သည်။ ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ တပည့်သာဝကတို.ကို အသိဥာဏ်အလင်း ရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (အနောက်တိုင်းစာရေးဆရားတစ်ဦး)

ဗုဒ္ဓနှင့် ပတ်သက်၍ အလေးထားရမည့် အဓိကအချက်မှာ ဗုဒ္ဓသည် လူသားထက်ကျော်လွန်သော အခြားတန်ခိုးရှင် တစ်ဦးဦး မဟုတ်ကြောင်းကို ခိုင်ခိုင်မာမာ ဆိုထားခြင်းပင် ဖြစ်ပါသည်။ (ဆရာတော် သဒ္ဓါတိဿ)

လူသားများကို လွတ်မြောက်စေသူမှာ ဗုဒ္ဓမဟုတ်ပေ။ သို.သော် ဗုဒ္ဓသည် သူကိုယ်တိုင်လွတ်မြောက်ပြီးသလို လူသားများ၏ လွတ်မြောက်ရေးကို ဟောကြားပြသသည်။ ဗုဒ္ဓ၏ သစ္စာဒေသနာကို လူသားများ လက်ခံကြသည်မှာ ဗုဒ္ဓဟောသောကြောင့် မဟုတ်ဘဲ ဗုဒ္ဓ၏ စကားတော်များကြောင့် နိုးကြားလာသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်မှန်ရရှိခြင်းကြောင့် ဖြစ်သည်။ သူတို. ကိုယ်ပိုင်စိတ်ဓာတ် အလင်းရောင်ကြောင့် ဖြစ်ပေါ်လာရသည်။ (ဒေါက်တာအိုဒင်ဘာ့ဂ်)

ဗုဒ္ဓသည် လူသားမျိုးနွယ် အသစ်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။ စာရိတ္တသူရဲကောင်းမျိုးနွယ်၊ လွတ်မြောက်ရေးမျိုးနွယ်၊ ဗုဒ္ဓမျိုးနွယ်စုများကို ဖြစ်ပေါ်စေခဲ့သည်။ (မန်မထနတ်ဆပ်စ်ထရီ)

ဗုဒ္ဓမြတ်စွာသည် ဆင်းရဲဒုက္ခမှ ကင်းငြိမ်းအောင် တစ်ခုတည်းသော လမ်းသာရှိတယ်လို. ရှင်းရှင်းကြီး ဟောခဲ့ပါတယ်။ ဒီနည်းကတော့ အခြားမဟုတ်ပါဘူး။ အစဉ်သတိရှိနေရမည့် အမြဲသိနေရမည့် နည်းပဲဖြစ်ပါတယ်။ ဒီသတိရှိနည်းရဲ. သဘောကို ၀ိပဿနာ ဘာဝနာ ရှုပွားမှသာ ပိုပြီး နားလည်သဘောပေါက်ပါမယ်။ (၀န်ကြီးချုပ်ဟောင်းဦးနု)

ဗုဒ္ဓဘုရားရှင် ဟောကြားသော ဒေသနာတော်၏ သဘောကို တစ်လုံးတည်းသောစကားဖြင့် ဖော်ပြလိုလျှင် မှန်ကန်သောတရားတော် ဟု ဖော်ပြနိုင်ပါသည်။ (ဗိုလ်မှုးကြီးအောလ်ကော့)

2 comments:

တားမြစ် ထားသော... said...

ဝေမျှတာ ကျေးဇူးပါ။ သေချာဖတ်တယ်။

သုခမိန်(E-Journal)

WWKM said...

ကျွန်ုပ်တို.သည် မကြုံစဖူး စိတ်ဓာတ်ကျမှု၊ အားငယ်မှုများ ကြုံတွေ.နေကြရပါသည်။ ထိုသို. ကြုံတွေ.ခံစားနေကြရသည်မှာ ဘ၀တွင် ယုံယုံကြည်ကြည်နှင့် လက်တွေ.ကျကျ အသုံးချနိုင်သော အတွေးအခေါ် အယူအဆများ မရှိသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို.တစ်တွေသည် ရုပ်ဝတ္ထုကြွယ်ဝမှု ၀ိုင်းဝိုင်းလည်နေသည့်ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျ နေကြရပါသည်။ ရုပ်ဝတ္ထု ကြွယ်ဝသော်လည်း စိတ်ချမ်းသာမှုကင်းသော အခြေအနေတွင် စိတ်အေးချမ်းသာမှု အမှန်တကယ် ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို. သင့်လှပါသည်။

**************************
စာကောင်းလေးတွေဝေမျှပေးတာကျေးဇူးပါ မောင်ရဲကြီး
ရေ... သေခြာဖတ်သွားက့တယ်။အဆင်ပြေပါစေ။